ဂျပန်က ပထမဆုံး နျူကလီးယား ဓာတ်ပေါင်းဖိုလည်ပတ်မှု စတင်


 ဂျပန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က ဖူကူရှီးမား နျူကလီးယား မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံး နျူကလီးယား ဓာတ်ပေါင်းဖို လည်ပတ်ဖို့ ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ Kyushu လျှပ်စစ် စွမ်းအင်အဖွဲ့က ဆန်ဒိုင် နျူကလီးယားစက်ရုံမှာ နံပါတ်တစ် ဓာတ်ပေါင်းဖို လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ဖူကူရှီးမား နျူကလီးယားစက်ရုံဟာ ၂၀၁၁ ခုနှစ်က လှုတ်ခတ်ခဲ့တဲ့ ဆူနာမီငလျှင်ကြောင့် ပျက်စီးခဲ့ပြီး စက်ရုံကို ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပေါင်းဖို စုစုပေါင်း ၂၅ ခု လည်ပတ်ဖို့ရှိပြီး ဂျပန်ဝန်ကြီးချုပ်က ဓာတ်ပေါင်းဖိုတွေဟာ ဘေးအန္တရာယ်ကင်းရှင်းကြောင်း ခိုင်ခိုင်မာမာ စစ်ဆေး စမ်းသပ်ထားတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Kyushu လျှပ်စစ် စွမ်းအင်အဖွဲ့အနေနဲ့ ဓာတ်ပေါင်းဖို ပြန်လည် မလည်ပတ်ခင်မှာ လုံခြုံဘေးကင်းမှုတွေကို အရင်ဆုံး လုပ်ဆောင်ထားဖို့နဲ့ ကြိုတင်ကာကွယ်မှုတွေ အစွမ်းကုန် ပြုလုပ်ထားဖို့လည်း ဂျပန်ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။

ဆန်ဒိုင်နျူကလီးယားစက်ရုံဝင်းရဲ့ အပြင်ဘက်နဲ့ တိုကျိုရှိ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အိမ်ရှေ့မှတော့ ဒေသခံတွေက ဆန္ဒပြမှုတွေ ပြုလုပ်နေကြပါတယ်။

ဂျပန်နိုင်ငံမှာ ဖူကူရှီးမား နျူကလီးယားစက်ရုံ ပိတ်ခဲ့ရပြီးနောက်ပိုင်း ပြည်တွင်းမှာ စွမ်းအင်အတွက် ပြည်ပကတင်သွင်းတဲ့ ရုပ်ကြွင်းလောင်စာအပေါ်သာ မှီခိုနေရပြီး ကုန်ကျစရိတ်နဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုတွေကို လျှော့ချဖို့ နျူကလီးယား စက်ရုံပြန်လည်တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ဂျပန်က ပထမဆုံး နျူကလီးယား ဓာတ်ပေါင်းဖိုလည်ပတ်မှု စတင်   ဂျပန်က ပထမဆုံး နျူကလီးယား ဓာတ်ပေါင်းဖိုလည်ပတ်မှု စတင် Reviewed by သစ်ထူးလွင် on 18:47 Rating: 5
Powered by Blogger.