အမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

 ဒိုင်နာယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်
နေပြည်တော်၊ ဩဂုတ် ၃၁

၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှနေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်နေ အောင်ငြိမ်းဦး(၃၈)နှစ်မောင်းနှင်လာသော 1I/×××× ဒိုင်နာအပြာရောင်ယာဉ်မှာ အရှိန် မထိန်းနိုင်ဘဲ လမ်းဘေးမြေသားပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသူ (၆)ဦးအနက် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်နေ ဦးဇော်နိုင်(၄၆)နှစ်ပါ(၄)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဖြူးမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း အောင်ငြိမ်းဦးအား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၃၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

https://www.facebook.com/yezarnimedia
အမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား   အမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 05:33 Rating: 5
Powered by Blogger.