အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ဆစ်ခ်ဘုရားကျောင်းဝင်း အပေါ် မြေပြိုကျမှုဖြစ်ပွားရာ ခုနစ်ဦးသေဆုံး


 နယူးဒေလီ ၊ ၁၉-၈-၂၀၁၅

 အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဆစ်ခ်ဘုရား ကျောင်းဝင်းအပေါ် သြဂုတ် ၁၈ ရက်တွင် မြေပြိုကျမှုမှ ထွက်ရှိလာသည့် ကျောက်တုံး ကျောက်ခဲများနှင့် အပျက်အစီးများ ပြိုကျမှုကြောင့် အနည်းဆုံး ခုနစ်ဦး သေဆုံးပြီး ကိုးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ဒေသတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီတွင် တောင်ပေါ်မြေ ပြိုကျမှုမှ ထွက်ရှိလာသည့် ကျောက်တုံး ကျောက်ခဲများနှင့် အပျက်အစီး အပိုင်းအစ များသည် ဟီမာချယ် ပရာဒေ့ရှ် ပြည်နယ် ကူလူခရိုင် မန်နီကာရန် တောင်ကြား ဒေသမှ ဆစ်ခ်ဘုရား ကျောင်းဝင်း အတွင်းရှိ ရှစ်ထပ် လူနေ အဆောက်အအုံ တစ်ခုအပေါ် ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း ခရိုင် ဒုတိယ ရဲမင်းကြီး ရာကေ့ရှ်ကန်ဝါ က ပြောကြားသည်။

အဆိုပါ ပြိုကျမှုကြောင့် အဆောက်အအုံ လေးထပ်ခန့် ပျက်စီးခဲ့ပြီး အပျက်အစီးများ အတွင်း လူများပိတ်မိ နေခြင်းကြောင့် လူသေဆုံးမှု ပိုမိုမြင့်တက် လာဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်း ပြောကြားသည်။

တောင်ပေါ်ဒေသ မြင်ကွင်းများကို ကြည့်ရှု ခံစားနိုင်သည့် အဆိုပါ ဘုရားကျောင်းသည် နေ့စဉ်ဘုရားဖူး ပြည်သူ ရာပေါင်းများစွာ လာရောက်သည့် နေရာ ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ဆစ်ခ်ဘုရားကျောင်းဝင်း အပေါ် မြေပြိုကျမှုဖြစ်ပွားရာ ခုနစ်ဦးသေဆုံး  အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ဆစ်ခ်ဘုရားကျောင်းဝင်း အပေါ် မြေပြိုကျမှုဖြစ်ပွားရာ ခုနစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 10:56 Rating: 5
Powered by Blogger.