တရုတ် ယွမ်ငွေ တန်ဖိုး ဒုတိယနေ့ ထပ်မံ လျှော့ချ

ယွမ်ငွေ တန်ဖိုးကို ၂ ရက်အတွင်း ၃ ရာခိုင်နှုန်းကျော် စံချိန်တင် လျှော့ချခဲ့ 
 တရုတ် နိုင်ငံဟာ သူ့ရဲ့ ယွမ်ငွေ တန်ဖိုးကို မနေ့က အင်္ဂါနေ့က စံချိန်တင် ၁.၉ ရာခိုင်နှုန်း လျှော့ချ သတ်မှတ် ခဲ့ပြီးနောက် ဒီကနေ့ ဗုဒ္ဓဟူး နေ့မှာလည်း ထပ်မံ တန်ဖိုး လျှော့ချ လိုက်ပြန်တဲ့ အတွက် ကမ္ဘာ့ ငွေကြေး ဈေးကွက်မှာ စိုးရိမ်မှုတွေ တိုးပွားလာစေခဲ့ပါတယ်။

ယွမ်ငွေ တန်ဖိုးဟာ ဗုဒ္ဓဟူးနေ့မှာ နောက်ထပ် ၁ ရာခိုင်နှုန်း လျော့ကျ သွားခဲ့တဲ့ အတွက် ၂ ရက်အတွင်း တန်ဖိုး လျှော့ချမှုဟာ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ပမာဏ အများဆုံး တန်ဖိုးလျှော့ချမှု ဖြစ်သွားပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၄ နှစ်အတွင်းမှာ ယွမ်ငွေ တန်ဖိုး အနိမ့်ဆုံး အဆင့်အထိ ရောက်သွားတာလည်း ဖြစ်ပါတယ်။

တရုတ် ယွမ်ဈေး ကျဆင်းတဲ့အတွက် တခြား အာရှနိုင်ငံတွေက ငွေတန်ဖိုးတွေလည်း လိုက်ပြီး ကျဆင်းခဲ့ပြီး ဥရောပ အစုရှယ်ယာ ဈေးကွက် အထိ ရိုက်ခတ်ခဲ့ပါတယ်။

အခုလို ယွမ်ငွေ တန်ဖိုး လျှော့ချမှုကြောင့် တရုတ်ရဲ့ တင်ပို့ကုန် ပမာဏကို တိုးတက် စေမှာ ဖြစ်ပေမယ့် ကမ္ဘာ့ အတိုင်းအတာနဲ့ အပြိုင်အဆိုင် ငွေတန်ဖိုး လျှော့ချကြတဲ့ 'ငွေကြေးစစ်ပွဲ'ဆီ ဦးတည် သွားနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ပေါက်လာနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
တရုတ် ယွမ်ငွေ တန်ဖိုး ဒုတိယနေ့ ထပ်မံ လျှော့ချ   တရုတ် ယွမ်ငွေ တန်ဖိုး ဒုတိယနေ့ ထပ်မံ လျှော့ချ Reviewed by သစ်ထူးလွင် on 20:32 Rating: 5
Powered by Blogger.