လူ​ဝင်​မှု​ပြ​ဿ​နာ ​ကိုင်​တွယ်​ရေး ​အီး​ယူ​အ​ဖွဲ့​ဝင် ​အား​လုံး ​ပူး​ပေါင်း​ဖို့ ​တိုက်​တွန်း

တ​ရား​မ​ဝင် ​ဝင်​ရောက် ​သူ​တွေ ​ဖြစ်​ပေ​မယ့် ​ကိုယ် ​လာ​ရာ ​မူ​လ ​နိုင်​ငံ​တွေ ​ဆီ ​လူ့ ​ဂုဏ်​သိ​က္ခာ ​နဲ့ ​အ​ညီ ​ပြန် ​နိုင်​ရေး ​အ​တွက် ​ဝိုင်း​ဝန်း ​လုက်​ဆောင် ​ကြ​ရ​မယ်။
ဥ​ရော​ပ ​တိုက်​ထဲ ​ကို ​လူ​တွေ ​ပြောင်း​ရွှေ့ ​ဝင်​ရောက် ​နေ​မှု ​ပြ​ဿ​နာ ​ကို ​ကိုင်​တွယ် ​ရာ​မှာ ​ကျန် ​ဥ​ရော​ပ ​သ​မ​ဂ္ဂ ​အ​ဖွဲ့​ဝင် ​နိုင်​ငံ​တွေ ​အား​လုံး ​က​လည်း ​အ​တူ ​လက်​တွဲ ​လုပ်​ဆောင် ​ဖို့ ​ပြင်​သစ် ​နဲ့ ​ဂျာ​မ​နီ ၂ ​နိုင်​ငံ ​ခေါင်း​ဆောင် ​တွေ ​က ​တိုက်​တွန်း ​လိုက် ​ပါ​တယ်။

ပြောင်း​ရွှေ့ ​ဝင်​ရောက်​သူ ​တွေ ​ကို ​စ​နစ်​တ​ကျ ​မှတ်​ပုံ​တင်​ရေး ​လို ​လက်​ရှိ ​သတ်​မှတ် ​ထား​တဲ့ ​စည်း​မျည်း ​တွေ ​အ​ပေါ် ​တ​ချို့ ​နိုင်​ငံ​တွေ ​က ​တိ​တိ​ကျ​ကျ ​လိုက်​နာ ​ဆောင်​ရွက် ​မ​နေ​ဘူး ​ဆို​ပြီး ​ဘာ​လင် ​မြို့​တော် ​က ​သ​တင်း​စာ ​ရှင်း​လင်း​ပွဲ ​မှာ ​ဂျာ​မ​နီ ​ဝန်​ကြီး​ချုပ် ​အိန်​ဂ​လာ ​မာ့​ခဲလ် ​က ​ပြော​ပါ​တယ်။

ပြောင်း​ရွှေ့ ​ဝင်​ရောက်​သူ ​တွေ ​ထဲ ​က ​ဒု​က္ခ​သည် ​တွေ ​အ​ဖြစ် ​ခို​လှုံ ​ခွင့် ​ပေး​သင့်​တဲ့ ​သူ​တွေ ​ကို ​ဥ​ရော​ပ ​သ​မ​ဂ္ဂ ​ဝင် ​နိုင်​ငံ ​တွေ ​အား​လုံး ​က ​မျှေ​ဝ ​လက်​ခံ ​ကြ​ဖို့​နဲ့၊ ​ကျန်​သူ ​တွေ ​က​တော့ ​တ​ရား​မ​ဝင် ​ဝင်​ရောက် ​သူ​တွေ ​ဖြစ်​ပေ​မယ့် ​ကိုယ် ​လာ​ရာ ​မူ​လ ​နိုင်​ငံ​တွေ ​ဆီ ​လူ့ ​ဂုဏ်​သိ​က္ခာ ​နဲ့ ​အ​ညီ ​ပြန် ​နိုင်​ရေး ​အ​တွက် ​ဝိုင်း​ဝန်း ​လုပ်​ဆောင် ​ကြ​ရ​မယ် ​လို့ ​ဘာ​လင် ​မြို့​တော် ​သ​တင်း​စာ ​ရှင်း​လင်း​ပွဲ ​မှာ​ပဲ ​ပြင်​သစ် ​သ​မ္မ​တ ​ဖ​ရော်န်​ဆွာ ​အို​လော်န့် ​က ​တိုက်​တွန်း ​ခဲ့ ​ပါ​တယ်။

ပြောင်း​ရွှေ့​ဝင်​ရောက် ​လာ​သူ​တွေ ​ကို ​အ​စ​ဦး ​လက်​ခံ ​တဲ့ ​နေ​ရာ ​တွေ ​ဂ​ရိ ​နဲ့ ​အီ​တ​လီ ​နိုင်​ငံ ​တွေ ​မှာ ​တည်​ထောင် ​ထား​ရှိ ​ရေး ​ကို ​အ​ရှိန်​မြှင့် ​လုပ်​ဆောင် ​ကြ​ဖို့​လည်း ၂ ​နိုင်​ငံ ​ခေါင်း​ဆောင် ​တွေ ​က ​ဆော်​ဩ ​ခဲ့​ကြ ​ပါ​တယ်။

တ​ခါ၊ ​ဗြိ​တိန် ​နိုင်​ငံ ​ထဲ ​ကို ​တ​ရား ​မ​ဝင် ​ဝင်​ရောက် ​မှု ​အ​ပေါ် ​ဘယ်​လို ​ကိုင်​တွယ် ​မ​လဲ ​ဆို​တဲ့ ​အ​စိုး​ရ ​ရဲ့ ​အ​ကြံ​ပြု​ချက် ​အ​သစ် ​တစ်​ရပ် ​ဒီ ​က​နေ့ ​ထွက်​ပေါ် ​လာ​ဖို့ ​ရှိ​ပါ​တယ်။

ဒီ​ထဲ​မှာ ​ဗြိ​တိန် ​နိုင်​ငံ​တွင်း၊ ​တ​ရား​မ​ဝင် ​အ​လုပ်​လုပ် ​ကိုင် ​မှု ​အ​ပေါ် ​အ​ရေး​ယူ ​ဖို့ ​ရာ ​ရာ​ဇ​ဝတ်​မှု ​ပုဒ်​မ ​အ​သစ် ​တစ်​ရပ် ​ပြ​ဌာန်း ​ဖို့​လည်း ​ပါ​ဝင် ​ပါ​တယ်။

အ​င်္ဂ​လန်​နဲ့ ​ဝေ​လ ​နယ် ​ထဲ ​မှာ ​အဲ​ဒီ့ ​ဥ​ပ​ဒေ​သစ် ​ကို ​ချိုး​ဖောက်​ပြီး ​အ​လုပ်​လုပ် ​ကိုင် ​သူ ​ဟာ ​ထောင်​ဒဏ် ​ခြောက်​လ ​အ​ပြင်၊ ​ဒဏ်​ငွေ ​အ​မြောက်​အ​မြား ​အ​ရိုက် ​ခံ ​ရ​မှာ ​ဖြစ်​ပါ​တယ်။

တ​ရား​မ​ဝင် ​အ​လုပ်​သ​မား ​တွေ ​ကို ​အ​သုံး​ပြု​တဲ့ ​စား​သောက်​ဆိုင် ​နဲ့ ​ဈေး​ဆိုင် ​ပိုင်​ရှင် ​တွေ ​အ​နေ​နဲ့ ​လည်း ​စီး​ပွား​ရေး ​လိုင်​စင် ​တွေ ​အ​ရုပ်​သိမ်း ​ခံ​ရ​မှာ ​ဖြစ်​ပြီး ​သူ​တို့​ရဲ့ ​အ​လုပ်​သ​မား ​တွေ ​ဟာ ​တ​ရား​မ​ဝင် ​နေ​ထိုင် ​သူ​တွေ ​ဖြစ်​တယ် ​ဆို​တာ ​ကို ​သူ​တို့ ​အ​နေ​နဲ့ ​မ​သိ​ဘူး ​ဆို​တဲ့ ​အ​ကြောင်း​ပြ​ချက် ​ကို ​လက်​ခံ​မှာ ​မ​ဟုတ်​ဘူး ​လို့ ​ဆို​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese
လူ​ဝင်​မှု​ပြ​ဿ​နာ ​ကိုင်​တွယ်​ရေး ​အီး​ယူ​အ​ဖွဲ့​ဝင် ​အား​လုံး ​ပူး​ပေါင်း​ဖို့ ​တိုက်​တွန်း ​လူ​ဝင်​မှု​ပြ​ဿ​နာ ​ကိုင်​တွယ်​ရေး ​အီး​ယူ​အ​ဖွဲ့​ဝင် ​အား​လုံး ​ပူး​ပေါင်း​ဖို့ ​တိုက်​တွန်း Reviewed by THITHTOOLWIN on 06:53 Rating: 5
Powered by Blogger.