ယင်းမာပင်မြို့နယ် ကျေးရွာ ၁၇ ရွာတွင် ချင်းတွင်းမြစ်ရေ လျံတက်ဝင်ရောက် လျက်ရှိ


 ယင်းမာပင်၊ သြဂုတ် ၂

 စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းနှင့် အောက်ပိုင်း ကျေးရွာ ဒေသအများ အပြားတွင် ဇူလိုင်လ ပထမအပတ်မှ စတင်ပြီး ယမန်နှစ်ထက်ပိုမိုစွာ မိုးများ အဆက်မပျက် ရွာသွန်းခဲ့မှုကြောင့် ယင်းမာပင် ခရိုင်အတွင်းရှိ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး စသည့်မြို့နယ်များနှင့် ထိဆက်လျက်ရှိသည့် ချစ်တွင်းမြစ်ရိုး တစ်လျောက် ဝဲယာဘက်ခြမ်းမှ ကျေးရွာများအပြားတွင် ချင်းတွင်းမြစ် ရေကြီးရေလျံမှုဖြစ်ပေါ်လျက်ရှိရာ ယင်းမာပင်ခရိုင် ယင်းမာ ပင်မြို့နယ်တွင် ဇူလိုင် ၃၁ ရက်၊ နံနက်ပိုင်းမှ ယနေ့အချိန်အထိ ကျေးရွာ ၁၇ ရွာထဲသို့ အနည်းဆုံး ၆ ပေမှ အထက်သို့ ချင်းတွင်းမြစ်ရေ ထပ်မံလျံတက် ဝင်ရောက်လျက်ရှိသည့် အတွက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးစိုးဝင်း ဦးဆောင်ပြီး မြို့နယ်ရေဘေး ကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ရှိသူများ က နေ့ညမပျက် ဂရုပြုစောင့်ကြပ်ကာ ရေလွတ်ရာ ပြောင်းရွေ့ထားသော အိမ်ထောင်စု ၃၆ စုမှ ရေဘေးသင့်ဒေသခံပြည်သူ ၁၉၃ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုများအပြင် လိုအပ်သော အကူအညီများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက် ပေးလျက်ကြောင်းသိရသည်။

အဆိုပါ ချင်းတွင်းမြစ်ရေဝင်ရောက်သောကြောင့် ယင်းမာပင်မြို့နယ် မှ ကျောက်မှော်၊ နုံးရွာ၊ နှောပင်၊ ကျွန်းပေါ်၊ လက်ခုပ်ပင်ရွာ (ဟောင်း၊သစ်) ၊ အောင်မိုး၊ ဘိန်းနွယ်ချောင်၊ စုန်းကျင်း(တ၊လ၊မ)၊ မြရွှေစည်၊ စုန်းချောင်း (မ၊တ)၊ စည်သူ၊ သံဘို၊ ကျေးစာကျ စသည့်ကျးရွာ ၁၇ ရွာ တွင် ရေဝင် အိမ်ထောင်စု ၁၁၈၄ စု၊ လူဦးရေ ၆၄၆၂ ဦး ရှိသည့်အနက် ၆ ပေကျော်ရေဝင်ရောက်လျက်ရှိသောအိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၉၃ ဦးအတွက် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများအပြင် သက်ဆိုင် ရာ ကျေးရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ တွင် နေထိုင်စားသောက် မှု များအဆင်ပြေအောင် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေလျံတက်မှုအခြေအနေဖြင့်လည်း ဆက်လက် လျံတက်လာ မည်ကို စိုးရိမ်ပါတယ်။ အတက်နိုင်ဆုံး ရေလျော့သွားစေချင်ပါတယ်။ လူ တိရိစ္ဆာန် အသေအပျောက်မရှိ၊ မိုးစပါးပျိုးထောင်ထားသော လယ်မြေ ၆၃ ဧက နှင့် ကွမ်းစိုက်ပျိုးထားသောဧက ၁၁ ဧက စုစုပေါင်း ၇၄ ဧက ပျက်စီး သွားပါတယ်။ ကျေးရွာ စာသင်ကျောင်း ၆ ကျောင်းနှင့် ဘုန်းကြီးကျောင်း ၉ ကျောင်းအပြင် စာကြည့်တိုက်တစ်တိုက် တို့ကိုလည်း ရေအနက်ခန်မှန်း ၆ပေခန့်ဝင်ရောက်နေပါတယ်။ အဆောက်အဦနှင့် တံတားများပျက်ကြပျိုခြင်း လုံးဝမရှိကြောင်း၊ စာရေးသောက်ရေးအဖြစ် ယနေ့မှာဆို ဘိန်းနွယ်ချောင်၊ လက်ခုပ်ပင်၊ စုန်းကျင်းတောင်၊ စသည့်ကျေးရွာအတွက် ထမင်းထုတ် ၁၀၀၀ ကို သင်္ဂဟလူမှုကူညီရေးအသင်းနှင့် ပူးပေါင်းကာ ပေးဝေလှူဒါန်း ပါကြောင်း ရေဘေးကယ်ဆယ်ရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကျွန်တော်တို့လိုရေဘေးသင့်ပြည်သူများကို မြို့နယ်မှ တာဝန်ရှိသူများက အလေးထားကာသန့်ရှင်းသောသောက်သုံရေအပြင်ထမင်းထုတ်များအားစေတနာရှင်ပြည်သူများနှင့်အတူ လာရောက်ဝေပေးလို့လတ်တလော အဆင်ပြေပါ တယ်။ အဲဒီအတွက်စီမံကူညီဆောင်ရွက်ပေးကြတဲ့ တာဝန်ရှိသူများအား အထူးကျေးဇူးတင်ပါတယ်"ဟု ရေးဘေးသင့်ပြည်သူတစ်ဦးကပြောသည်။

ယင်းမာပင်မြို့နယ်အတွင်းမှ မြို့နယ်ထွေ/အုပ်ဦးစီးဌာန၊ လူမှုရေးအဖွဲ့အစည်း များနှင့် ပြန်လှည့်ကျေးရွာတို့မှစေတနာရှင်မိဘပြည်သူများကလည်း အဆိုပါ ရေဘေးသင့်ကျေးရွာ ၁၇ ရွာသို့ မြို့နယ်အစီအစဉ်ဖြင့်သော် လည်းကောင်း၊မိမိတို့ကိုယ်တိုင်သော်လည်းကောင်းအသင့်စားစရာအမျိုးမျိုး အပြင်ထမင်းထုတ်များကိုနံနက်စာညနေစာများအဖြစ်ဆက်လက်သွားရောက်လှူဒါန်းပေးသွား မည်ဖြစ်ကြောင်းသိရသည်။

ထွန်းကိုကို (ယင်းမာပင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ယင်းမာပင်မြို့နယ် ကျေးရွာ ၁၇ ရွာတွင် ချင်းတွင်းမြစ်ရေ လျံတက်ဝင်ရောက် လျက်ရှိ   ယင်းမာပင်မြို့နယ် ကျေးရွာ ၁၇ ရွာတွင် ချင်းတွင်းမြစ်ရေ လျံတက်ဝင်ရောက် လျက်ရှိ Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.