ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး နှစ်ဦးသေဆုံး


 ရေတာရှည် သြဂုတ် ၂၅

 ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရ-ကိုးပင်ရိုးမဖြတ်ကျော် ကားလမ်းတွင် သြဂုတ် ၂၃ ရက်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ ခဲ့ရာ အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ သာဂရ-ကိုးပင်ရိုးမဖြတ်ကျော်ကားလမ်းအတိုင်း အနောက်မှ အရှေ့ဘက်သို့ မောင်ထူး မောင်းနှင်သော ဖီကွန် ၁၁ဝ ယာဉ်၏နောက်တွင် သစ်တုံးအချို့တင်ဆောင်ကာ မောင်းနှင်လာစဉ် ကန်သာယာရပ်ကွက်အနီး အရောက် ရှေ့မျက်နှာချင်းဆိုင်ဘက်မှ ဝင်းနိုင်မောင်းနှင်ပြီး မသဲအိစံ၊ ဇော်မင်းဦး (၁ဝ) မိုင်ကျွန်းစိုက်ခင်းနေသူတို့ လိုက်ပါစီးနင်းလာသည့် လော်ဂျား ၂ဝယ/... ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။

ဆိုင်ကယ်နှစ်စီးစလုံး တိမ်းမှောက်သွားကာ ကိုဝင်းနိုင်၊ ကိုဇော်မင်းဦး၊ မောင်ထူးတို့မှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့သဖြင့် မသဲအိစံ၌ ဒဏ်ရာများရရှိ ကာ ကိုဝင်းနိုင်သည် ဆွာတိုက်နယ်ဆေးရုံအရောက် သေဆုံးသွားခဲ့ပြီး ဇော်မင်းဦးမှာ နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံကြီးအရောက်တွင် သေဆုံး သွားခဲ့ရာ သာဂရနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး နှစ်ဦးသေဆုံး   ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 09:14 Rating: 5
Powered by Blogger.