ကန်သံရုံး တိုက်ခိုက်ခံရ

နိုင်ငံတ၀ှမ်း လုံခြုံရေး အထူးစိုးရိမ်နေရ (Credit: Reuters) 
  အစ္စတန်ဘူလ် ​မြို့မှာ ​ရှိတဲ့ ​အမေရိကန်သံရုံးလည်း ​တိုက်ခိုက်ခံရပြီး ​လက်ဝဲယိမ်း ​အကြမ်းဖက်အဖွဲ့က ​သူတို့လက်ချက်ဖြစ်ကြောင်း ​ထုတ်ဖော်ခဲ့ပါတယ်။

အမျိုးသမီး ​၂ ​ဦးက ​သံရုံးကို ​သေနတ်နဲ့ ​ပတ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့ ​တဦးကို ​ဒဏ်ရနဲ့ ​ဖမ်းမိခဲ့တယ်လို့ ​ဆိုပါတယ်။

သံရုံးအတွင်းမှာ ​ဘယ်သူမှ ​ထိခိုက်ဒဏ်ရာ ​မရခဲ့ပါဘူး။ ​ဒီကိစ္စအတွက် ​တူရကီ ​အစိုးရတာဝန်ရှိသူတွေနဲ့ ​လက်တွဲပြီး ​သူတို့က ​စုံစမ်းဖော်ထုတ်နေပါတယ်လို့ ​အမေရိကန် ​အစိုးရရဲ့ ​ပြောခွင့်ရသူ ​John ​Kirby ​က ​ပြောကြားခဲ့ပါတယ်။

ပြည်သူ့တော်လှန် ​လွတ်မြောက်ရေးတပ်ဦး ​Revolutionary ​People's ​Liberation ​Army ​Front ​အကြမ်းဖက်အဖွဲ့ ​အင်တာနက် ​အွန်လိုင်းမှာ ​ဖော်ပြထားတဲ့ ​ထုတ်ပြန်ချက်ထဲမှာတော့ ​အမေရိကန်နိုင်ငံဟာ ​အရှေ့အလယ်ပိုင်းရဲ့ ​ရန်သူဖြစ်တာကြောင့် ​အခုလို ​တိုက်ခိုက်ရတာ ​ဖြစ်ကြောင်း ​ဖော်ပြထားပါတယ်။

ဒီအဖွဲ့ဟာ ​၂၀၁၃ ​ခုနှစ်တုန်းကလည်း ​အင်ကာရာမှာ ​ရှိတဲ့ ​အမေရိကန်သံရုံးကို ​အသေခံဗုံးခွဲ ​တိုက်ခိုက်ဖူးတဲ့ ​အဖွဲ့ဖြစ်ပါတယ်။ ​တခြား ​တူရီကီနိုင်ငံတ၀န်း ​အကြမ်းဖက် ​တိုက်ခိုက်မှုတွေကြောင့် ​အနည်းဆုံး ​လူ ​၈ ​ဦးသေဆုံးခဲ့ရပါတယ်။

အစ္စတန်ဘူလ်မြို့က ​ရဲစခန်းတခုကို ​ကားဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ​တိုက်ခိုက်သူ ​၁ ​ဦးသေဆုံးသွားပါတယ်။ ​နိုင်ငံအရှေ့တောင်ပိုင်းမှာလည်း ​တိုက်ခိုက်မှုတွေကြောင့် ​ရဲ ​၄ ​ဦး ​နဲ့ ​စစ်သား ​တဦး ​သေဆုံးခဲ့ကြောင်း ​သိရပါတယ်။

အစ္စလာမ်မစ်နိုင်ငံတည်ထောင်လိုတဲ့ ​IS ​အကြမ်းဖက်သမားတွေကို ​ချေမှုန်းဖို့ ​ပြီးခဲ့တဲ့ ​လ ​က ​Turkish ​PKK ​လက်နက်ကိုင် ​တွေနဲ့ ​လက်တွဲခဲ့အပြီးမှာ ​အခုလို ​တိုက်ခိုက်မှုတွေ ​တူရကီနိုင်ငံမှာ ​ဖြစ်ပေါ်လာခဲ့တာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကန်သံရုံး တိုက်ခိုက်ခံရ   ကန်သံရုံး တိုက်ခိုက်ခံရ Reviewed by သစ်ထူးလွင် on 18:53 Rating: 5
Powered by Blogger.