ဒမတ်စကတ်အရှေ့မြောက်ပိုင်း ဈေးတစ်ဈေး၌ ဆီးရီးယားအစိုးရ လေကြောင်းမှဗုံးကြဲတိုက်ခိုက်


  ဘေရွတ် သြဂုတ် ၁၇

 သြဂုတ် ၁၇ ရက်က ဒမတ်စကတ်အရှေ့မြောက်ပိုင်းရှိ ဈေးတစ်ဈေးကို ဆီးရီးယားအစိုးရက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၈ဝ သေဆုံးခဲ့ကြောင်း သူပုန်ထိန်းချုပ်နေရာမှ ကယ်ဆယ်ရေးလုပ်သားများနှင့် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များက ပြောသည်။

ဒမတ်စကတ်အရှေ့မြောက်ဘက် ၁၅ ကီလိုမီတာ(၁ဝ မိုင်)ခန့်အကွာရှိ ဒိုမားဈေး တိုက်ခိုက်မှုတွင် လူ ၂ဝဝ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြကြောင်း ယူကေအခြေ စိုက်စောင့်ကြည့်ရေးအဖွဲ့များ ဒေသတွင်းအာဏာပိုင်များနှင့် ကယ်ဆယ်ရေးလုပ်သားများက ပြောခဲ့သည်။

လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေစဉ်အတွင်း ဒုံးလက်နက်ကြီး ၁ဝ ခုထက်မနည်း ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်သားများ ရောက် ရှိပြီးနောက် စစ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြန်လည်လုပ်ဆောင်ကြောင်းကိုလည်း အဆိုပါစောင့်ကြည့်ရေးအဖွဲ့က ပြောခဲ့သည်။

ဆီးရီးယားတပ်မတော်ဆိုင်ရာ သတင်းအရင်းအမြစ်များက လေကြောင်းတိုက်ခိုက်မှုများကို သူပုန်များကြီးစိုးသော ဒိုမားဒေသနှင့် အနီးဝန်းကျင်ဒေသများကို သာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
ဆီးရီးယားအရပ်ဘက်ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်မှုကြောင့် ယခုအချိန်ထိ လူပေါင်း ၆ဝ သေဆုံးနေမှုကို အတည်ပြုနိုင်ခဲ့ပြီး နောက်ထပ်အတည်ပြုစရာ သေဆုံးသူများရှိနေသေးကြောင်း ဖော်ပြခဲ့သည်။

သမ္မတဘာရှာအယ်လ် အာဆတ်အစိုးရအဖွဲ့မှအရာရှိများက သူပုန်များကိုတိုက်ခိုက်ရာတွင် အစိုးရဘက်မှ လက်နက်များပြတ်လပ်နေကြောင်း ဖော်ပြပြောဆိုခဲ့သည်။

စောင့်ကြည့်လေ့လာသူများက အစိုးရတပ်ဖွဲ့များသည် ဒမတ်စကတ်သို့ ကျူးကျော်ဝင်ရောက်လာသော ရန်သူများကို အင်အားချည့်နဲ့အောင် ကြိုးစားလုပ် ဆောင်ခဲ့ကြောင်းပြောခဲ့သည်။ သို့သော်လည်း သူပုန်များကိုတိုက်ခိုက်ရာတွင် အရပ်ဘက်ပြည်သူများသေဆုံးလျက်ရှိသောကြောင့် အာဆတ်အစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်လျက်ရှိသည်။

(ရိုက်တာ/အင်န်အိတ်ခ်ျကေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ဒမတ်စကတ်အရှေ့မြောက်ပိုင်း ဈေးတစ်ဈေး၌ ဆီးရီးယားအစိုးရ လေကြောင်းမှဗုံးကြဲတိုက်ခိုက်   ဒမတ်စကတ်အရှေ့မြောက်ပိုင်း ဈေးတစ်ဈေး၌ ဆီးရီးယားအစိုးရ လေကြောင်းမှဗုံးကြဲတိုက်ခိုက် Reviewed by THITHTOOLWIN on 03:50 Rating: 5
Powered by Blogger.