တရုတ်နိုင်ငံ အနောက်ပိုင်း ရှန်းရှီးပြည်နယ် တွင် မြေပြိုမှုဖြစ်ပွားရာ လူ ၆၀ ဦး ပျောက်ဆုံးလျက်ရှိ


 ပေကျင်း ၊ ၁၃-၈-၂၀၁၅

 တရုတ်နိုင်ငံ အနောက်မြောက် ပိုင်း ရှန်းရှီးပြည်နယ်၌ မုန်တိုင်းဝင်ရောက် တိုက်ခတ်ပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ မြေပြိုမှုများ ဖြစ်ပွားခြင်းကြောင့် လူဦးရေ ၆ဝ ခန့် ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။

အဆိုပါ မြေပြိုမှုများသည် ယမန်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မြေပြို မှုများကြောင့် ရှန်ယန်ခရိုင် အတွင်း ရှိ ရှန်းရှီးဝူကျို့ သတ္တုတွင်း တူးဖော် ရေးလုပ်ငန်းမှ အဆောက်အအုံ အများအပြား ပြိုကျပျက်စီးခဲ့ရပြီး လူဦးရေ ၄ဝ ခန့်မှာ အပျက်အစီး များအတွင်း ပိတ်မိနေခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များက နောက်ပိုင်း တွင်လူ ၁၄ ဦးကိုပြန်လည် ကယ်ဆယ် နိုင်ခဲ့သော်လည်း ဒေသအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေး ခဲ့ရကြောင်း သိရသည်။

ယင်းနောက် ဒေသတွင်း အာဏာပိုင် အဖွဲ့က ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ရန် တူးဖော်ရေး စက်ကိရိယာကြီး များကို စေလွှတ်ခဲ့သည်။ သက်ဆိုင်ရာ အာဏာပိုင် များက နိုင်ငံအတွင်းသို့ ဝင်ရောက် တိုက်ခတ်ခဲ့သည့် မုန်တိုင်းဒဏ်ကြောင့် ဒေသအချို့၌ မြေပြိုမှုများ ဖြစ်ပွားလာနိုင် သည်ဟူသော သတိပေးချက်ကို သြဂုတ် ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံသည် လက်ရှိ မုတ်သုံရာသီ အတွင်း၌ ပြင်းထန် ဆိုးရွားသော ရာသီဥတုနှင့် ရင်ဆိုင် ကြုံတွေ့ရလျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
တရုတ်နိုင်ငံ အနောက်ပိုင်း ရှန်းရှီးပြည်နယ် တွင် မြေပြိုမှုဖြစ်ပွားရာ လူ ၆၀ ဦး ပျောက်ဆုံးလျက်ရှိ  တရုတ်နိုင်ငံ အနောက်ပိုင်း ရှန်းရှီးပြည်နယ် တွင် မြေပြိုမှုဖြစ်ပွားရာ လူ ၆၀ ဦး ပျောက်ဆုံးလျက်ရှိ Reviewed by သစ်ထူးလွင် on 10:07 Rating: 5
Powered by Blogger.