တောဆင်ရိုင်းခြောက်ကောင် ပုပ္ပားတောင်မကြီး အနီး ရောက်ရှိလာ

 နယ်ကျွံလာသော တောဆင်ရိုင်း ခောက်ကောင် ကျောက်ပန်းတောင်း မြို့နယ် ပုပ္ပားတောင်မကြီး အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ ကျားနေအိုင့် ကျေးရွာအုပ်စုအနီး ရောက်ရှိလာ
ကျောက်ပန်းတောင်း သြဂုတ် ၂၃

 မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာ မြို့နယ်မှ ဖြတ်သန်းလာသော တော ဆင်ရိုင်းခြောက်ကောင်သည် သြဂုတ် ၂၂ ရက်က တောင်သာ- မလှိုင် -ကျောက်ပန်းတောင်း နယ်စပ် မလှိုင် မြို့နယ် လယ်ပြားကျေးရွာ အနီးမှ ကျောက်ပန်းတောင်း မြို့နယ်သို့ ည နေ ၄ နာရီခန့်တွင် ဖြတ်ကျော်ဝင် ရောက်လာကြောင်းသိရပြီး ကမ္ဘား တဲ ကျေးရွာအနီးသို့ ရောက်ရှိလာ ကြောင်း သိရသည်။ ယင်းနောက် သြဂုတ် ၂၃ ရက် နံနက် ၉ နာရီခန့် တွင် သန်းကြီးကုန်းကျေးရွာအနီးမှ ဖြတ်သန်း၍ နံနက် ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် ကျားနေအိုင့်ကျေးရွာ အုပ်စု ရုံးကျင်းကျေးရွာအနီးရှိ မြင် တော်မူ ဘုရားကုန်းအရှေ့ဘက် လျှို အတွင်း၌ နားခိုလျက်ရှိကြောင်း သိရ သည်။

''ဆင်တွေက သန်းကြီးကုန်းဘက် ကနေ ဆင်းလာတာဗျ။ ဖုန်တလုံး လုံးနဲ့ လျှိုဘက်ကိုဆင်းလာတာ။ အဲဒီအရှေ့နားက လျှိုထဲမှာ ရေရှိ တယ်ဗျ။ သူတို့ခြောက်ကောင်လုံး ရေဆင်းချိုးကြတာ။ တော်တော်နီးနီး အထိကပ်ကြည့်လို့ရတယ်။ ဒါပေမယ့် လူတွေက တဖြည်းဖြည်းများလာပြီး တချို့က ခဲနဲ့ပေါက်တာတွေ၊ အော် ကြဟစ်ကြတွေလုပ်တော့ အကြီးဆုံး ဆင်တစ်ကောင်ကလိုက်တယ်။ မီ အောင်တော့လိုက်တာမတွေ့ဘူးဗျ။ ခြောက်လှန့်ရုံလောက်ပဲထင်တယ်။ ဒါပေမယ့် တကယ်စိတ်တိုလာရင် တော့အန္တရာယ်ပြုနိုင်တယ်။ တချို့ လူတွေက ဖုန်းနဲ့ဓာတ်ပုံရိုက်ချင် တော့ အရဲကိုးပြီးအနီးအနားထိ ကပ် ရိုက်ကြတာလေ။ထိန်းသိမ်းမယ့်သူ လည်းမရှိဘူး။ မနက်ကတော့ သီးကုန်း ဘက်မှာ ဓာတ်ပုံရိုက်တဲ့ကလေးတစ် ယောက်ကို ဆင်တစ်ကောင်က နှာ မောင်းနဲ့ရိုက်သွားတယ်လို့ ကြား တယ်'' ဟု ကျားနေအိုင့်ကျေးရွာမှ ကိုမျိုးသန့်က ပြောပြသည်။

အဆိုပါတောဆင်ရိုင်းခြောက် ကောင်မှာ ပုပ္ပားတောင်မကြီး၏မြောက်ဘက် ၁၂ မိုင်ခန့်အကွာ၊ ကျောက်ပန်းတောင်းမြို့၏ အရှေ့ မြောက်ဘက် ၂၃ မိုင်ခန့်ကွာဝေးသော ကျားနေအိုင့်ကျေးရွာအုပ်စု ရုံးကျင်း ကျေးရွာအနီးရှိ မြင်တော်မူဘုရား ကုန်းကြီး၏ အရှေ့ဘက် လျှိုအတွင်း ၌ ရောက်ရှိ ခိုနားနေခြင်းဖြစ်ပြီး၊ အဆိုပါတောဆင်ရိုင်းများရောက်ရှိ နေသည့် နေရာသို့ ကျားနေအိုင့်၊ ရုံး ကျင်း၊ သန်းကြီးကုန်း၊ ခါးပတ် အစ ရှိသည့်ကျေးရွာများမှ လူများ လာ ရောက်ကြည့်ရှုကြပြီး အချို့မှာ ဓာတ် ပုံရိုက်ခြင်း၊ အသံပေးခြောက်လှန့် ခြင်းနှင့် ခဲများဖြင့်ပစ်ပေါက်ခြင်းများ ကြောင့် ဆင်များမှာလည်း ဦးတည် ရာမဲ့ဖြစ်လျက်ရှိကြောင်းသိရသည်။

အဆိုပါတောဆင်ရိုင်းများ သန်း ကြီးကုန်းကျေးရွာအနီးမှ ဖြတ်သန်း စဉ် သီးကုန်းကျေးရွာမှ သတ္တမတန်း ကျောင်းသား မောင်နိုင်မျိုးဝင်းမှာ ယာ ခင်း တစ်ကွက်ကျော်မှ ဓာတ်ပုံရိုက် စဉ် ၎င်းနှင့်ပါလာသောခွေးက ဆင် အားသွားရောက်ဟောင်သဖြင့်ဆင်က ခွေးကိုလိုက်ရာ ခွေးရောကလေး ပါ ထွက်ပြေးသော်လည်း ကလေးမှာ နှာမောင်းဖြင့်အရိုက်ခံရကာ ခြေ ထောက်နှင့် လက်ကျိုးသွားကြောင်း သိရသည်။ ညနေပိုင်းတွင်လည်း ဆင် များ လျှိုအတွင်းရှိနေစဉ် မြင်သာ တောင်ကျေးရွာသားတစ်ဦးက ဆင် နှင့်အနီးကပ်သွားရောက်၍ ဗီဒီယို ရိုက်ရန် ကြိုးစားသဖြင့် ဆင်က အန္တရာယ်ပြုခဲ့ရာ ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။ ဆင်များမှာ ၎င်းတို့ဖြတ်သန်းသွားလာသောလမ်း တွင် မည်သည့်ယာခင်း၊ တဲကိုမျှ ဖျက်ဆီးနင်းချေခြင်းမရှိခဲ့ဘဲ လူများ ကိုလည်း မြင်ရုံဖြင့် အန္တရာယ်မပြု ကြောင်း သိရသည်။ လူများက ၄င်းတို့ သွားရာလမ်းတစ်လျှောက် အော်ဟစ် ခြောက်လှန့်ခြင်း၊ ခဲများဖြင့်ပစ်ပေါက် ခြင်းနှင့်အရဲကိုး၍ အနီးကပ် ဓာတ် ပုံ၊ ဗီဒီယိုရိုက်ကူးရန် ကြိုးစားခြင်း တို့ကြောင့် ဆင်များက အန္တရာယ်ပြု လာကြောင်းသိရပြီး အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများမှာ ကျေး ရွာများအတွင်းဝင်ရောက်၍ ရန်ပြု လာမည်ကို ပူပန်ကြောင့်ကြလျက်ရှိ နေကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောဆင်ရိုင်းခြောက်ကောင် ပုပ္ပားတောင်မကြီး အနီး ရောက်ရှိလာ  တောဆင်ရိုင်းခြောက်ကောင် ပုပ္ပားတောင်မကြီး အနီး ရောက်ရှိလာ Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.