ဆီးရီးယား စစ်လေယာဉ် သူပုန်မြို့ထဲ ပျက်ကျ


လူ ၂၅ ယောက် သေဆုံးခဲ့ပြီး အတော်များများ ဒဏ်ရာရခဲ့။
 ဆီးရီးယား နိုင်ငံမှာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ အရီဟာ မြို့က လူစည်ကားရာ ဈေးထဲကို အစိုးရ စစ်လေယာဉ် တစ်စီး ပျက်ကျသွားခဲ့ပါတယ်။

အဲဒီ အစိုးရ တိုက်လေယာဉ်ဟာ အဲဒီ မြို့ကို အစောပိုင်းက ဗုံးတွေ ကျဲချနေခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၂၅ ယောက် သေဆုံးခဲ့ပြီး အတော်များများ ဒဏ်ရာရခဲ့ပါတယ်။

လေယာဉ် ပျက်ကျချိန်မှာ ဈေးအတွင်း ရောင်းဝယ်သူတွေနဲ့ စည်ကား ပြည့်နှက်နေပြီး၊ အခုတော့ ရစရာ မရှိအောင် ပျက်စီးသွားပြီလို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

အဆောက်အဦး အများအပြား ပြိုကျ ပျက်စီးကုန်ပြီး အပျက်အစီးတွေ အောက်မှာ လူအတော်များများ ပိမိကုန်တယ်လို့ သူတို့က ဆိုပါတယ်။

ဆီးရီးယား မြောက်ပိုင်းမှာ ရှိတဲ့ အဲဒီ မြို့ကို သူပုန်တွေက ပြီးခဲ့တဲ့ မေလမှာ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဆီးရီးယား စစ်လေယာဉ် သူပုန်မြို့ထဲ ပျက်ကျ  ဆီးရီးယား စစ်လေယာဉ် သူပုန်မြို့ထဲ ပျက်ကျ Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.