ပုသိမ်-ရန်ကုန်ကားလမ်းမှာ ယာဉ်တိမ်းမှောက် (၅)ဦးသေ၊ (၁)ဦး ဒဏ်ရာရ

 အရှိန်မထိန်းနိုင်သောယာဉ် လမ်းဘေးရေမြောင်းထဲ ထိုးကျတိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ ။ ဓါတ်ပုံ - Win Ko Ko
နေပြည်တော်၊ ဩဂုတ် ၁၃

၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဘူတာစုကျေးရွာအနီး၊ ပုသိမ်-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ်(၃၀/၃-၄) ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် ကျောင်းကုန်း မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။


 စစ်ဆေးချက် အရ ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်နေ မင်းထက်အောင်(၂၃)နှစ်မောင်းနှင်လာသော 4F/×××× SURF နက်/ပြာရောင်ယာဉ်မှာ အရှိန်မထိန်း နိုင်ဘဲ လမ်း၏ယာဘက်ဘေး အနက်(၅)ပေခန့်ရှိ ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ သုဓမ္မဝါဒီစာသင်တိုက် စာချဆရာတော် OL;ပညာဒီပလင်္ကာရ သက်တော်(၃၄)နှစ်၊ OL;တိလောက သက်တော်(၂၇)နှစ်၊ (၁၄)ရပ်ကွက်နေ ဒေါက်တာ နေမျိုးအောင်နှင့် ဒေါ်လှလှရီတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး တစ်ရပ်ကွက်တည်းနေ ကိုသူရိန်(၂၂)နှစ်နှင့် မအေးမြတ်သူတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ကျောင်းကုန်းမြို့ ပြည်သူ့ဆေးရုံသို့ ကူညီ ပို့ဆောင်စဉ် မအေးမြတ်သူမှာ ရရှိသောဒဏ်ရာများဖြင့် ဆေးရုံအရောက် သေဆုံးသွားခဲ့သောကြောင့် မင်းထက်အောင်အား ကျောင်းကုန်းမြို့မရဲစခန်း ယာဉ်(ပ)၅၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

ပုသိမ်-ရန်ကုန်ကားလမ်းမှာ ယာဉ်တိမ်းမှောက် (၅)ဦးသေ၊ (၁)ဦး ဒဏ်ရာရ  ပုသိမ်-ရန်ကုန်ကားလမ်းမှာ ယာဉ်တိမ်းမှောက် (၅)ဦးသေ၊ (၁)ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 09:11 Rating: 5
Powered by Blogger.