အရှိန်မထိန်းနိုင်သဖြင့် ပြည်လမ်းမပေါ်တွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်


 ရန်ကုန် သြဂုတ် ၂၅

 ရန်ကုန်တိုင်းဒေသကြီး အင်းလျားကန်နှင့် ပြည်လမ်းမီးပွိုင့်အနီး၌ သြဂုတ် ၂၃ ရက် ည ၉ နာရီခွဲက ယာဉ်နှစ်စီး အရှိန်လွန်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၃ ရက် ည ၉ နာရီခွဲခန့်က ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာ သော ယာဉ်အမှတ် 7H/... ကယ်ဒီနာဘန်ယာဉ်သည် အင်းလျားကန်နှင့် ပြည်လမ်းမီးပွိုင့်အနီးအရောက် အရှိန်မထိန်း နိုင်ဘဲ ပြည်လမ်းအတိုင်း လမ်းလယ်မှ မြောက်မှတောင်သို့မောင်းနှင်လာသော 5E/... ယာဉ်ကို ဝင်ရောက် တိုက်မိရာ 5E/.... ယာဉ်မှာ လည်ထွက်သွားပြီး လမ်းလယ်ရှိ ဘလောက်တုံးဝါများအား ဆက်လက်တိုက်မိ သဖြင့် ရှေ့ဦးခေါင်းပိုင်း ကြေမွပျက်စီးပြီး ဘယ်ဘက်ဘော်ဒီပိန်ချိုင့်သွားခဲ့သည်။ 7H/... ယာဉ်မှာ ဦးခေါင်းပိုင်း ကြေမွပျက်စီးသွားကြောင်း သိရသည်။

တင်မောင်ဦး(အလုံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အရှိန်မထိန်းနိုင်သဖြင့် ပြည်လမ်းမပေါ်တွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်  အရှိန်မထိန်းနိုင်သဖြင့် ပြည်လမ်းမပေါ်တွင် ယာဉ်နှစ်စီးတိုက်မှုဖြစ် Reviewed by THITHTOOLWIN on 09:14 Rating: 5
Powered by Blogger.