ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းရန် နောင်ချိုမြို့မှထွက်ခွာ


 နောင်ချို သြဂုတ် ၃

 မကွေးတိုင်း ဒေသကြီးအတွင်း ရေနစ်မြုပ်လျက်ရှိသော ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရန်အတွက် နောင်ချိုမြို့နယ် စေတနာမွန်လူမှု ကူညီရေး အသင်းက ဦးဆောင်ကြီးကြပ်ကာ ဈေးရပ်ကွက်လူမှု ရေးအသင်း စေတနာမွန်ပြည်သူများက ဈေးရပ်ကွက်မြို့နယ်ဓမ္မာရုံ၌ အလှူခံမဏ္ဍပ် ဖွင့်လှစ်ထားရှိရာ မြို့ပေါ်ရပ်ကွက်၊ မြို့နယ်/ကျေးရွာအုပ်စု အသီးသီးတို့မှ အဝတ်အထည်၊ လူသုံးကုန်ပစ္စည်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆား စုစုပေါင်းတန်ဖိုးကျပ် သိန်း ၅ဝဝ ကျော်ရရှိခဲ့သည်။

သြဂုတ် ၂ ရက် မွန်းလွဲ ၂ နာရီက နောင်ချိုမြို့နယ်ဒေသခံပြည်သူများ လှူဒါန်းသည့် ဆန်အိတ် ၂ဝဝ၊ ဆီပိဿာ ၁၃ဝ၊ အထွေထွေစားသောက်ကုန်တန်ဖိုး ငွေကျပ် ၂၄ သိန်း၊ စောင်၊ အဝတ်အထည်အသစ် ၂၂ဝ၊ ခြင်ထောင် အသစ် အလုံး ၁၅ဝ၊ မိုးကာ၊ ဖိနပ်၊ လူသုံးကုန်ပစ္စည်းတန်ဖိုး ငွေကျပ် ၃၂ သိန်း၊ အဝတ် အထည်အိတ်ကြီး ၁၇၅ အိတ်တို့အား မော်တော်ယာဉ်လေးစီး၊ အထောက်အကူပြု စူပါကာစတန်ယာဉ်ငယ်တစ်စီးဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ရေနစ် မြုပ်နေသော ရေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် လှူဒါန်းရန်အတွက် ပစ္စည်းများတင်ဆောင် ထွက်ခွာလာရာ မန္တလေး-လားရှိုး ကားလမ်းတစ်လျှောက် ဘန့်ဘွေးကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာ၊ ခြေမြစ်ပင် ကျေးရွာ၊ ကြိမ်ဂနိုင်ကျေးရွာတို့ရှိ ပြည်သူများကလည်း လူသုံးကုန်ပစ္စည်းများ လှူဒါန်းကြရာ နောက်ထပ်ယာဉ် နှစ်စီးဖြင့် တင်ဆောင်ပြီးထွက်ခွာသွား ကြောင်း သိရသည်။

စိုးဝင်း(နောင်ချို)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းရန် နောင်ချိုမြို့မှထွက်ခွာ  ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းရန် နောင်ချိုမြို့မှထွက်ခွာ Reviewed by THITHTOOLWIN on 09:54 Rating: 5
Powered by Blogger.