အစ္စရေးသူလျှို လင်းပိုင်အား ဟားမက်စ်အဖွဲ့ ဖမ်းဆီးရမိ


ဂျေရုဆလင် ၊ ၂၀-၈-၂၀၁၅

ဟားမက်စ် အဖွဲ့သည် အစ္စရေးနိုင်ငံ အတွက် သူလျှို လုပ်ပေးနေသည့် လင်းပိုင် တစ်ကောင်အား ဖမ်းဆီးရမိ ခဲ့ကြောင်း ဟားမက်စ် အသံလွှင့် ဌာနက သြဂုတ် ၁၉ ရက်တွင် ထုတ်ပြန် ကြေညာ ထားသည်။

အဆိုပါ လင်းပိုင်တွင် ကင်မရာ  တစ်လုံး အပါအဝင် ထောက်လှမ်းရေး ကိရိယာများ  တပ်ဆင် ပေးထားကြောင်း နှင့် ၄င်းကို ဟားမက်စ် ရေတပ်ဖွဲ့မှ ကွန်မန်ဒို များက ဂါဇာကမ်းမြောင် ကမ်းလွန်မှ ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာန များက ထုတ်ပြန် ထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အစ္စရေး ဘက်က ငြင်းဆို ထားကြောင်း သိရသည်။ အစ္စရေး ရေတပ်ဖွဲ့ အနေဖြင့် လင်းပိုင် အမျိုးအစား ရေငုပ်သင်္ဘော ရေယာဉ်စုကို ပိုင်ဆိုင် ထားကြောင်း အစ္စရေး သတင်းဌာန များက မကြာသေးမီက ထုတ်ပြန် ထားသည်။ သို့သော် အဆိုပါ ထုတ်ပြန်ချက်သည် အမှန်တကယ် ရေငုပ်သင်္ဘော များကိုဆိုလိုခြင်း မဟုတ်ဘဲ လင်းပိုင်များကို သာ ဆိုလိုခြင်း ဖြစ်ကြောင်းနှင့် အစ္စရေးတွင် သူလျှိုလင်းပိုင် မြောက်မြားစွာ ရှိနေကြောင်း ဟားမက်စ် အသံလွှင့် ဌာနနှင့် i24 သတင်းဌာန အပါအဝင် အခြား သတင်းဌာန များက ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com
အစ္စရေးသူလျှို လင်းပိုင်အား ဟားမက်စ်အဖွဲ့ ဖမ်းဆီးရမိ  အစ္စရေးသူလျှို လင်းပိုင်အား ဟားမက်စ်အဖွဲ့ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:19 Rating: 5
Powered by Blogger.