ဖောက်ပြန်ရေး ၀ဘ်ဆိုဒ် အရှုပ်တော်

ဘ၀ဟာ တိုတောင်းတဲ့အတွက် ဖောက်ပြန်ပါ ဆိုတဲ့ စာသားကို ၀ဘ်ဆိုဒ်ရဲ့ အဖွင့် ပင်မ စာမျက်နှာမှာ ရေးသားထားပါတယ်။ (Credit: ABC licensed)
 ကနေဒါနိုင်ငံအခြေစိုက် ​အမျိုးသမီးအဖော်ရှာနိုင်တဲ့ ​ဖောက်ပြန်ရေး ​အင်တာနက် ​စာမျက်နှာကို ​ဖောက်ထွင်းရေးသမားက ​ဖောက်ထွင်းခဲ့ပြီး ​လစဉ်ကြေးပေးသူတွေရဲ့ ​သတင်းအချက်အလက်တွေကို ​ဖြန့်ဝေခဲ့တဲ့နောက်ပိုင်းမှာ ​အရှက်ရတဲ့ ​လူ ​၂ ​ဦးဟာ ​ကိုယ့်ကိုယ်ကို ​အဆုံးစီရင်သွားတယ်လို့ ​ကနေဒါရဲတွေက ​ပြောပါတယ်။

The ​Impact ​Team ​လို့ ​သူတို့ကိုယ်သူတို့ ​နာမည်ပေးထာတဲ့ ​ဖောက်ထွင်းတိုက်ခိုက်သူတွေကို ​ဖမ်းပေးနိုင်ရင် ​ဒေါ်လာ ​၅ ​သိန်း ​ဆုချမယ်လို့ ​တိုရန်တို ​အခြေစိုက် ​Ashley ​Madison ​အင်တာနက်စာမျက်နှာရဲ့ ​ပိုင်ရှင် ​Avid ​Life ​Media ​က ​ဆုငွေ ​ထုတ်ပြန်ထားပါတယ်။

အဲဒီ ​အင်တာနက် ​စာမျက်နှာကို ​လူသန်း ​၃၀ ​လောက်က ​စာရင်းသွင်းထားပြီး ​အဲဒီအထဲမှာ ​အမေရိကန် ​နဲ့ ​ဗြိတိန် ​အစိုးရ ​အရာရှိ ​တချို့ပါဝင်တယ်လို့ ​သတင်းတွေ ​ထွက်နေပါတယ်။

အခုလို ​ကိုယ်ရေး ​အချက်အလက်တွေ ​ပေါက်ကြားသွားခဲ့တဲ့အတွက် ​လုံခြုံရေး ​ပေါ့လျော့မှုနဲ့ ​တရားစွဲဖို့ ​ကနေဒါ ​ရှေ့နေတွေက ​ပြင်ဆင်နေကြပြီး ​လျှော်ကြေးငွေ ​ဒေါ်လာ ​သန်း ​၇၆၀ ​လောက် ​ရယူလိုတယ်လို့ ​သတင်းတွေထွက်ပေါ်နေပါတယ်။

Ashley ​Madison ​ဟာ ​ဖောက်ပြန်ရေး ​အင်တာနက် ​စာမျက်နှာ ​အဖြစ် ​နာမည်ကြီးပြီး ​ဘ၀ဟာ ​တိုတောင်းတဲ့အတွက် ​ဖောက်ပြန်ပါ ​ဆိုတဲ့ ​စာသားကို ​၀ဘ်ဆိုဒ်ရဲ့ ​အဖွင့် ​ပင်မ ​စာမျက်နှာမှာ ​ရေးသားထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဖောက်ပြန်ရေး ၀ဘ်ဆိုဒ် အရှုပ်တော်    ဖောက်ပြန်ရေး ၀ဘ်ဆိုဒ် အရှုပ်တော် Reviewed by THITHTOOLWIN on 17:36 Rating: 5
Powered by Blogger.