![]() |
ဘ၀ဟာ တိုတောင်းတဲ့အတွက် ဖောက်ပြန်ပါ ဆိုတဲ့ စာသားကို ၀ဘ်ဆိုဒ်ရဲ့ အဖွင့် ပင်မ စာမျက်နှာမှာ ရေးသားထားပါတယ်။ (Credit: ABC licensed) |
The Impact Team လို့ သူတို့ကိုယ်သူတို့ နာမည်ပေးထာတဲ့ ဖောက်ထွင်းတိုက်ခိုက်သူတွေကို ဖမ်းပေးနိုင်ရင် ဒေါ်လာ ၅ သိန်း ဆုချမယ်လို့ တိုရန်တို အခြေစိုက် Ashley Madison အင်တာနက်စာမျက်နှာရဲ့ ပိုင်ရှင် Avid Life Media က ဆုငွေ ထုတ်ပြန်ထားပါတယ်။
အဲဒီ အင်တာနက် စာမျက်နှာကို လူသန်း ၃၀ လောက်က စာရင်းသွင်းထားပြီး အဲဒီအထဲမှာ အမေရိကန် နဲ့ ဗြိတိန် အစိုးရ အရာရှိ တချို့ပါဝင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။
အခုလို ကိုယ်ရေး အချက်အလက်တွေ ပေါက်ကြားသွားခဲ့တဲ့အတွက် လုံခြုံရေး ပေါ့လျော့မှုနဲ့ တရားစွဲဖို့ ကနေဒါ ရှေ့နေတွေက ပြင်ဆင်နေကြပြီး လျှော်ကြေးငွေ ဒေါ်လာ သန်း ၇၆၀ လောက် ရယူလိုတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
Ashley Madison ဟာ ဖောက်ပြန်ရေး အင်တာနက် စာမျက်နှာ အဖြစ် နာမည်ကြီးပြီး ဘ၀ဟာ တိုတောင်းတဲ့အတွက် ဖောက်ပြန်ပါ ဆိုတဲ့ စာသားကို ၀ဘ်ဆိုဒ်ရဲ့ အဖွင့် ပင်မ စာမျက်နှာမှာ ရေးသားထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဖောက်ပြန်ရေး ၀ဘ်ဆိုဒ် အရှုပ်တော်
Reviewed by THITHTOOLWIN
on
17:36
Rating:
