ထိုင်းနိုင်ငံ ဘန်ကောက်မြို့  လညှ်”ဧရာဝဏ် " လေးမျက်နှာ ဘုရားဗုံးခွဲသည့် တရားခံအား ဖမ်းဆီးမိ


 news update 29August2015 17;00

 ဘန်ကောက်မြို့ က နောက်ကျော့ အရပ် လေးထပ်တိုက် အဆောက်အဦးအား ယနေ့ နေ့ လည် ၂နာရီမှာ စစ်တပ်နဲ့ အင်အား ၁၀၀ကျော် ၀ိုင်းထားပြီး တရားခံ နေတဲ့ အခန်း ကို ၀င်ရောက် စီးနင်းကြတာပါ။

ယခုဖမ်းမိတဲ့သူဟာ တူရကီနိုင်ငံသား အဒင် ကာရာဒေါ့  အသက် ၂၉ နှစ်ဖြစ်ပြီး သူဌားထားတဲ့ အခန်း လေးခန်းအတွင်းမှာ ဖေါက်ခွဲရေး ပစ္စည်းတွေပါ ဖမ်းမိခဲ့ကြောင်း nation သတင်းရဲ့  တိုက်ရိုက်ထုတ်လွှင့်နေရာ မှာ ကြေငြာနေပါတယ်။

တရားခံကို လုံခြုံရေး ကားတွေ အမြောက်အများနဲ့  အမှတ် ၁၁ စစ်ဌာနချုပ်ကိုခေါ်သွား နေပါပြီ။

ထိုင်းရဲချုပ်ကတော့ ယခုဖမ်းဆီးတဲ့သူဟာ သံသယ ရှိလို့  မှားယွင်းဖမ်းဆီးတာ မဟုတ်ဘဲ သူဆက်သွယ်နေတဲ့  ဖုန်းတွေကတဆင့် ကြားဖြတ်နားထောင်ပြီး ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

17 August 2015, နေ့ မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့ က အကြီးမားဆုံး ဗုံးပေါက်ကွဲမှုမှာ လူ၂၀ ကျော် သေဆုံးခဲ့ပြီး ၁၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ် အများစုမှာ တရုတ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

nation live
Social Action for Women - SAW
https://www.facebook.com/pages/Social-Action-for-Women-SAW
ထိုင်းနိုင်ငံ ဘန်ကောက်မြို့  လညှ်”ဧရာဝဏ် " လေးမျက်နှာ ဘုရားဗုံးခွဲသည့် တရားခံအား ဖမ်းဆီးမိ  ထိုင်းနိုင်ငံ ဘန်ကောက်မြို့  လညှ်”ဧရာဝဏ် " လေးမျက်နှာ ဘုရားဗုံးခွဲသည့် တရားခံအား ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 17:29 Rating: 5
Powered by Blogger.