လူကုန်ကူးမှုနဲ့ ၂၂ ဦး ထိုင်းရဲဖမ်းဆီး

စွဲချက်တင်ထားခံရတဲ့ ဒုဗိုလ်ချုပ်ကြီး Manas Kongpan (Credit: Reuters) 
 ဒါဟာ ​ဒီနှစ်အစောပိုင်းက ​ထိုင်းအစိုးရရဲ့ ​ချမှတ်ခဲ့တဲ့ ​ဒေသတွင်း ​လူကုန်ကူးမှုတိုက်ဖျက်ရေး ​လုပ်ဆောင်မှုရဲ့ ​နောက်ဆက်တွဲ ​လုပ်ရပ်လည်း ​ဖြစ်ပါတယ်။

တခြား ​လူပေါင်း ​၂၆ ​ဦးအတွက်လည်း ​ဖမ်းဝရန်းထုတ်ခဲ့ပြီဖြစ်ကြောင်း ​ထိုင်းဗိုလ်မှူးချုပ် ​Paween ​Pongsirin ​က ​ပြောကြားခဲ့ပါတယ်။

အဲဒီ ​၂၆ ​ဦးထဲကနေ ​၁၂ ​ဦးကိုလည်း ​ဖမ်းမိထားပြီ ​ဖြစ်ကြောင်း ​အဆိုပါ ​ရဲမှူးက ​AFP ​သတင်းဌာနကို ​ပြောပါတယ်။

လူကုန်ကူးမှုနဲ့ ​ဆက်နွယ် ​နေတဲ့ ​ငွေကြေးခ၀ါချ ​မှုတွေအတွက် ​လူ ​၁၀ ​ဦးကိုလည်း ​ထိန်းသိမ်းထားပြီး ​လက်ရှိအရေ ​အတွက်အားဖြင့် ​၁၄၅ ​ဦးကို ​ဖမ်းမိထားပြီးပြီ ​ဖြစ်ပါတယ်။

ဒေါ်လာသန်းပေါင်းများစွာ ​ပါဝင်တဲ့ ​လူကုန်ကူးမှုတွေ ​ကို ​လျစ်လျူရှုတယ်လို့ ​ထိုင်းအစိုးရကို ​ဝေဖန်ခဲ့ကြတဲ့ ​နောက်ပိုင်းမှာ ​အခုလို ​ဖမ်းဆီးမှုတွေ ​ဆက်တိုက်ဆိုသလို ​ဖြစ်ပေါ်လာပါတယ်။

ဒီလို ​ဖမ်းဆီးမှုတွေကြောင့် ​လူကုန်ကူးတဲ့ ​မှောင်ခိုသမားတွေဟာ ​သူတို့ ​သယ်ဆောင်လာတဲ့ ​လူတွေကို ​ပင်လယ်ထဲမှာ ​ဒီအတိုင်း ​တာဝန်မဲ့ ​ထားခဲ့တာတွေ ​တောတောင်ထဲမှာ ​ထားခဲ့တာတွေ ​စတဲ့ ​ပြဿနာတွေ ​ဖြစ်ပေါ်စေပါတယ်။

လူပေါင်း ​၇၂ ​ဦးကို ​စွဲချက်တင်ထားတဲ့ ​အကြောင်း ​ထိုင်းရဲက ​ဇူလိုင်လတုန်းက ​ပြောပါတယ်။

အဲဒီလို ​စွဲချက်တင်ထားခံရသူတွေထဲမှာ ​ဒုဗိုလ်ချုပ်ကြီး ​Manas ​Kongpan ​လည်း ​တဦးအပါအ၀င် ​ဖြစ်ပြီး ​အဓိက ​လူကုန်ကူးသူအဖြစ် ​စွဲဆိုခံထားရပါတယ်။

သူဟာ ​အာဏာသိမ်း ​တပ်ဦးစီးချုပ် ​Prayut ​Chan-O-Cha ​ရဲ့ ​လက်ထပ်မှာ ​ရာထူးတက်လာသူဖြစ်လာတော့ ​သူ့ကိစ္စကြောင့် ​တပ်ချုပ် ​အတွက် ​အကြပ်ရိုက်စေပါတယ်။

ဒုဗိုလ်ချုပ်ကြီး ​Manas ​Kongpan ​လို ​သြဇာညောင်းတဲ့ ​သူတယောက်ဟာ ​ဒီလို ​ကိစ္စတွေမှာ ​တဦးတည်း ​လုပ်ပါ့မလားဆိုပြီး ​အကဲခတ်တွေက ​မေးခွန်းထုတ်နေကြပါတယ်။

အမေရိကန်နိုင်ငံက ​ထုတ်ပြန်တဲ့ ​လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ဆောင်တဲ့ ​နိုင်ငံစာရင်းမှာ ​ထိုင်းနိုင်ငံဟာ ​အီရန်၊ ​လစ်ဗျား၊ ​မြောက်ကိုးရီယား၊ ​ဆီးရီးယား ​စတဲ့ ​နိုင်ငံတွေနဲ့ ​အတူ ​ဇယားအောက်ခြေမှာ ​ရပ်တည်နေပါတယ်။

အခုနောက်ဆုံး ​အဖမ်းအဆီးတွေကြောင့် ​ထိုင်းနိုင်ငံဟာ ​လူကုန်ကူးမှုတိုက်ဖျက်ရေး ​ကြိုးပမ်းတဲ့ ​နိုင်ငံများ ​စာရင်းမှာ ​အရင်ကထက် ​ပိုပြီး ​အသိအမှတ်ပြုခံရဖို့ ​မျှော်လင့်နေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
လူကုန်ကူးမှုနဲ့ ၂၂ ဦး ထိုင်းရဲဖမ်းဆီး   လူကုန်ကူးမှုနဲ့ ၂၂ ဦး ထိုင်းရဲဖမ်းဆီး Reviewed by သစ်ထူးလွင် on 12:20 Rating: 5
Powered by Blogger.