စစ်ပြင်ထားဖို့ မြောက်ကိုရီးယား ခေါင်းဆောင်အမိန့်ပေး


  တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့ပြီးနောက် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက သူ့ရဲ့ ရှေ့တန်း တပ်ဖွဲ့တွေကို တိုက်ပွဲ အတွက် စစ်ပြင်ဆင်ထားဖို့ အမိန့်ပေးကြောင်း မြောက်ကိုရီးယား သတင်းဌာနက ပြောပါတယ်။

စစ်ဖြစ်နေတဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ ကြာသပတေးနေ့ ဗဟိုစစ်ကော်မရှင်ရဲ့ အရေးပေါ် အစည်းအဝေးအပြီးမှာ ကင်ဂျုံအန်းက ကြေညာခဲ့တာဖြစ်ပြီး သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီက စပြီး အချိန်မရွေး စစ်အသင့်ပြင်ဆင်ထားဖို့လည်း ပြောဆိုထားတယ်လို့ မြောက်ကိုရီးယား သတင်းဌာန KCNA က ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားဘက်က ဒုံးကျည်တစ်ခုနဲ့ စတင်ပစ်ခတ်ခဲ့တဲ့အတွက် တောင်ကိုရီးယားဘက်က အမြောက်ကျည်တွေနဲ့ ပြန်လှန်ပစ်ခတ်ခဲ့ပြီးနောက် အခုလို ကြေညာခဲ့တာပါ။

နယ်စပ်ဒေသမှာ တောင်ကိုရီးယားက လော်စပီကာနဲ့ မြောက်ကိုရီးယား ဆန့်ကျင်တဲ့ ၀ါဒဖြန့်မှုတွေ ပြုလုပ်နေပြီး မြောက်ကိုရီးယားက စစ်ပြင် ခြိမ်းခြောက်မှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
စစ်ပြင်ထားဖို့ မြောက်ကိုရီးယား ခေါင်းဆောင်အမိန့်ပေး   စစ်ပြင်ထားဖို့ မြောက်ကိုရီးယား ခေါင်းဆောင်အမိန့်ပေး Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.