ဧရာဝတီတိုင်းဒေသကြီးအတွင်း ငဝန်မြစ်ရေနှင့်ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်းပေး


နေပြည်တော်၊ သြဂုတ်- ၂

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကြံခင်းမြို့ မြစ်ကမ်းဘေးရှိ ရွှေတောင်စုရပ်ကွက်တွင် ရေ ၃ ပေခန့်နှင့် ဆိပ်သာ တိုက်နယ် ၊ ရေလယ်ကျွန်းအုပ်စုရှိ အထက်ကျေးရွာ ၊ တဲတန်းကျေးရွာ ၊ ကျောင်းကုန်း ကျေးရွာနှင့် အနောက်ကုန်းကျေးရွာများတွင် ရေ ၄ ပေခန့်ဝင်ရောက်ခဲ့သဖြင့် အိမ်ခြေ ၅၈၈ လုံး ၊ လူဦးရေ ၁၆၀၀ ဦးတို့အား ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်မတော်သား များ ၊ ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပြည်သူများက ရေဘေးလွတ်ရာ နေရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ကြံခင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများ ဖြစ်သော ချောင်းခွကျေးရွာ ၊ ဇရပ်ကုန်းကျေးရွာ၊ မကျီးပင်ကွင်းကျေးရွာ၊ အုတ်ကွင်း ကျေးရွာ ၊ အိုးဘိုကုန်းကျေးရွာ၊ ကျွန်းကြီးကျေးရွာ၊ ကျောက်စလစ်ကုန်းကျေးရွာ၊ ကညင်စုကျေးရွာ ၊ ကျောင်းကုန်းကျေးရွာနှင့် ရေလယ်ကျွန်းကျေးရွာများတွင် ရေ ၃ ပေခန့်ဝင်ရောက်ခဲ့သဖြင့် အဆိုပါကျေးရွာများရှိ အိမ်ခြေ ၇၇၇ လုံး အနက် အိမ်ခြေ ၇၁ လုံး ၊ လူဦးရေ ၂၅၄ ဦးအား ရေဘေးလွတ်ရာနေရာသို့ ကူညီရွှေ့ပြောင်းပေးသည်။

ထို့အတူ ငဝန်မြစ်ရေ မြင့်တက်လာမှုကြောင့် အင်္ဂပူမြို့နယ် ၊မှန်ကုန်း ကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ ၊ သနပ်ခုံကျေးရွာ ၊ ဘောစကိုင်းကျေးရွာ ၊ ကုန်းကြီး ကျေးရွာ ၊ နောက်မီးကျေးရွာ ၊ ကံဘဲ့ကျေးရွာ ၊ ညောင်ကျိုးကျေးရွာ ၊ သူတော်စု ကျေးရွာ ၊ သက္ကယ်တန်းကျေးရွာ၊ မြန်အောင်မြို့နယ် ၊ အိုးဘိုကျေးရွာ ၊ ကနောင် လေးကျေးရွာနှင့် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဟင်္သာတမြို့နယ်တွင် ဒေါင့်ကြီးကျေးရွာ ၊ ညောင်ပင်ရပ်ကွက်၊ ဓနုဖြူမြို့နယ် ၊ ဇကာကြီးကျေးရွာများ လူနေအိမ်များအား ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ဧရာဝတီတိုင်းဒေသကြီးအတွင်း ငဝန်မြစ်ရေနှင့်ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်းပေး   ဧရာဝတီတိုင်းဒေသကြီးအတွင်း ငဝန်မြစ်ရေနှင့်ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်းပေး Reviewed by THITHTOOLWIN on 09:33 Rating: 5
Powered by Blogger.