ယွမ်ငွေ အနိမ့်ဆုံးတန်ဖိုး တရုတ် လျှော့ချ သတ်မှတ်

စီးပွားရေး တိုးတက်မှု အားနည်းတဲ့ အစီရင်ခံစာတွေ ထွက်လာပြီးနောက် ယွမ်ငွေကို တန်ဖိုးလျှော့မှု ပေါ်ပေါက်လာ။ 
  တရုတ် နိုင်ငံက သူ့ရဲ့ ယွမ်ငွေ တန်ဖိုးကို အမေရိကန် ဒေါ်လာ တန်ဖိုးနဲ့ ယှဉ်ရင် ၂ ရာခိုင်နှုန်း နီးပါး လျှော့ချပြီး ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။

အခု လျှော့ချ သတ်မှတ်တဲ့ တန်ဖိုးဟာ ၃ နှစ် အတွင်းမှာ အနိမ့်ဆုံး တန်ဖိုး ဖြစ်ပါတယ်။

ဈေးကွက်ကို ပိုပြီး အရှိအတိုင်း ထင်ဟပ်ဖို့ အခုလို တစ်ကြိမ်တစ်ခါတည်း တန်ဖိုးလျှော့ ပြောင်းလဲ သတ်မှတ်တာ ဖြစ်တယ်လို့ တရုတ် ဗဟိုဘဏ်က ပြောပါတယ်။

ယွမ်ငွေ တန်ဖိုး လျှော့ချမှုကြောင့် နိုင်ငံတကာမှာ တရုတ်ရဲ့ ထုတ်ကုန်တွေ ဈေးချိုသွားမှာ ဖြစ်ပြီး တရုတ် ကုန်စည်တွေ နိုင်ငံခြား တင်ပို့မှု ပမာဏကို တိုးပွား လာစေနိုင်တယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

ဒါပေမယ့် ဒီဆောင်ရွက်ချက်ဟာ တရုတ် ထုတ်ကုန် လုပ်ငန်းရှင်တွေနဲ့ ယှဉ်ပြိုင်ရာမှာ မျှတမှု မရှိဘူးလို့ ဆိုနေတဲ့ အမေရိကန် ပြည်ထောင်စုက ကုန်ထုတ် လုပ်ငန်းရှင်တွေကိုတော့ စိတ်ပျက်စေမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ယွမ်ငွေ အနိမ့်ဆုံးတန်ဖိုး တရုတ် လျှော့ချ သတ်မှတ်   ယွမ်ငွေ အနိမ့်ဆုံးတန်ဖိုး တရုတ် လျှော့ချ သတ်မှတ် Reviewed by သစ်ထူးလွင် on 19:55 Rating: 5
Powered by Blogger.