ယီမင်တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဆော်ဒီ ထောက်ခံသော စစ်သွေးကြွ ၇၀ ဦးသေဆုံး


 ဆာနား ၊ ၁၀-၈-၂၀၁၅

 ယီမင်နိုင်ငံ တောင်ပိုင်းရှိ အတ်ဘီယမ် ပြည်နယ်၌ သြဂုတ် ၈ ရက်က ဟူသီသူပုန် များနှင့် ၄င်းတို့၏ မဟာမိတ် ယီမင် တပ်ဖွဲ့ဝင်များ ၏ တိုက်ခိုက်မှုကြောင့် ဆော်ဒီ နိုင်ငံက ထောက်ခံသော စစ်သွေးကြွ ၇ဝ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းဌာန က ထုတ်ပြန် ထားသည်။

ထွက်ပြေး တိမ်းရှောင်နေသည့် ယီမင် သမ္မတဟောင်း မန်ဆူအာဟာဒီ အား သစ္စာခံသည့် စစ်သွေးကြွ များကို ဟူသီသူပုန် အဖွဲ့နှင့် မဟာမိတ် ယီမင်တပ်ဖွဲ့က ဇင်ဂျီဘာမြို့ ၌ ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ခိုက်မှု အတွင်း ချေမှုန်း နိုင်ခဲ့ကြောင်း RT ရုပ်သံဌာနက ထုတ်ပြန် ထားသည်။

ဆော်ဒီ နိုင်ငံက ထောက်ခံသော စစ်သွေးကြွ များသည် ဟူသီနှင့် ယီမင်တပ် များ၏ တိုက်ခိုက်မှုကို ပြန်လည်ခုခံ တိုက်ခိုက် သော်လည်း ဟူသီသူပုန် တပ်ဖွဲ့နှင့် မဟာမိတ် တပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုမှာ ပြင်းထန်သော ကြောင့် ၄င်းဒေသမှ အကျအဆုံး များစွာဖြင့် ဆုတ်ခွာခဲ့ ရကြောင်း သိရသည်။

ထို့အပြင် ယီမင်နိုင်ငံ တောင်ပိုင်း အတ်ဘီယမ် ပြည်နယ်နှင့် ဧဒင်မြို့ အကြားရှိ အဝေးပြေး လမ်းမကြီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဆော်ဒီ ထောက်ခံသော စစ်သွေးကြွ များနှင့် ပူးပေါင်း တိုက်ခိုက်နေသော ယူအေအီးနိုင်ငံ မှ တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ယီမင်တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဆော်ဒီ ထောက်ခံသော စစ်သွေးကြွ ၇၀ ဦးသေဆုံး   ယီမင်တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဆော်ဒီ ထောက်ခံသော စစ်သွေးကြွ ၇၀ ဦးသေဆုံး Reviewed by သစ်ထူးလွင် on 18:53 Rating: 5
Powered by Blogger.