မိုင်းယောင်းမြို့နယ်၊ မိုင်းဟန်ကျေးရွာ၌ မိုးအဆက် မပြတ်ရွား သွန်း၍ ရေကြီးနစ်မြုပ်မှုဖြစ်ပွား


 မိုင်းယောင်း သြဂုတ် ၅

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာ၌ သြဂုတ် ၃ရက် ညပိုင်းက မိုးအဆက်မပြတ်ရွာသွန်းသဖြင့် ၄ရက်နေ့တွင် နမ့်ယောင်းချောင်း မှ ရေကြီးရေလျှံမှုဖြစ်ပွားပြီး၊ကျေးရွာရှိ လူနေအိမ် ခြေ(၅)လုံး ရေစီးမျောပါမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ ကျေးရွာ၌ ရေကြီးရေလျှံမှုကြောင့် လူနေအိမ်(၅)လုံး ရေစီး တွင် မျောပါသွားခဲ့သဖြင့်အိမ်ထောင်စု (၅)စုမှ ကျား(၁၉)ဦး၊ မ(၁၉)ဦး စုစုပေါင်း (၃၈)ဦးအား ကျေးရွာဘုန်းကြီးကျောင်း တွင် ပြောင်းရွှေ့နေရာ ချပေး ထား သည်။ ထို့အတူ ပါပျက်ကျေးရွာနှင့် မိုင်းဟော့ကျေးရွာ ဆက်သွယ်သည့် လမ်းနှင့် မိုင်းဟန်ကျေးရွာနှင့် ပုံချို ကျေးရွာ တို့ ဆက်သွယ်ထားသည့် လမ်းပေါ်သို့ ရေများ (၄)ပေခန့် ဖြတ်ကျော်နေသဖြင့် ယာဉ်သွားလာမှု ရပ်တန့် သွားခဲ့ရသည်။


ယင်း ရေကြီးရေလျှံမှုဖြစ်ပွားရာနေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် ဦးဆောင်သည့် ဌာနဆိုင်ရာများ၊ မြို့မရဲစခန်းမှ စခန်းမှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ နှင့် လိုအပ်သည်များအား ဆောင်ရွက်ပေးခဲ့ပြီး၊ ယနေ့ သြဂုတ် ၅ ရက်တွင် ရေများပြန်လည်ကျဆင်းသွားပြီး ဖြစ် ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုင်းယောင်းမြို့နယ်၊ မိုင်းဟန်ကျေးရွာ၌ မိုးအဆက် မပြတ်ရွား သွန်း၍ ရေကြီးနစ်မြုပ်မှုဖြစ်ပွား   မိုင်းယောင်းမြို့နယ်၊ မိုင်းဟန်ကျေးရွာ၌ မိုးအဆက် မပြတ်ရွား သွန်း၍ ရေကြီးနစ်မြုပ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.