အီရတ် ပြုပြင်ပြောင်းလဲရေး အစီအစဉ် အသစ်

 အီရတ်မှာ အဂတိလိုက်စားတာ တိုက်ဖျက်ဖို့ ဖိအားတွေ လည်း တိုးပွားလာနေ
အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ် အက်ဘာဒီ က အစိုးရရဲ့ အသုံးစားရိတ်လျော့ချတာ၊ အဂတိလိုက်စားမှု တိုက်ဖျက်တာတွေ အပါအဝင် ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ် တခုကို ကြေညာ လိုက်ပါတယ်။

သူက ဒုတိယ သမ္မတ ရာထူးနေရာတွေ နဲ့ ဒုတိယ ဝန်ကြီးချုပ်ရာထူး နေရာတွေ ကို ဖျက်သိမ်းဖို့လည်း တောင်းဆိုထားပါတယ်။

အစိုးရပိုင်းဆိုင်ရာ ရာထူးကြီးတွေ ခန့်အပ်တဲ့ နေရာမှာလည်း ဘာသာရေးဂိုဏ်းတွေ နိုင်ငံရေးပါတီတွေ ကို ကိုယ်စားပြု ပြီး ဝေပုံကျ ခွဲပေးနေတဲ့ လုပ်ထုံးလုပ်နည်းတွေ ကို အခြေခံဖို့ မသင့်ဘူးလို့ လည်း သူက ပြောပါတယ်။

ဒုတိယ သမ္မတ နေရာ ၃ နေရာရှိတဲ့အနက် တနေရာဟာ မစ္စတာ အယ် အက်ဘာဒီ နဲ့ ပြိုင်ဘက် မစ္စတာ နိုရီအယ်မာလီကီ ရယူထားတာပါ။

အခု ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ ကို အစိုးရ က လက်ခံပေမယ့် ပါလီမန် ရဲ့အတည်ပြုချက် တော့ရယူရဉီးမှာပါ။

BBC Burmese
http://www.bbc.com/burmese
အီရတ် ပြုပြင်ပြောင်းလဲရေး အစီအစဉ် အသစ်  အီရတ် ပြုပြင်ပြောင်းလဲရေး အစီအစဉ် အသစ် Reviewed by သစ်ထူးလွင် on 21:54 Rating: 5
Powered by Blogger.