အမြန်လမ်း မိုင်တိုင်အမှတ်(၂၄၀/၀-၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွား၊ သေဆုံး/ဒဏ်ရာရ

 အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ဘာရီယာတုံးများအား ဝင်ရောက်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ
နေပြည်တော်၊ ဩဂုတ် ၃၀

၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၂၄၀/၀-၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဘုရားတောင်အမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ပါရမီရပ်ကွက်နေ ရှိုင်းထက်အောင်(၂၇)နှစ်မောင်းနှင်လာသော 9E/×××× ALPHARD ခဲရောင်ယာဉ်မှာ အရှိန်မထိန်း နိုင်ဘဲ လမ်းလယ်ဘာရီယာတုံးများအား ဝင်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိရပ်တန့် ခဲ့၍ ရှိုင်းထက်အောင်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်ပါ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နေ မဟန်နီစိုး(၂၆)နှစ်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ရှိုင်းထက်အောင်အား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
အမြန်လမ်း မိုင်တိုင်အမှတ်(၂၄၀/၀-၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွား၊ သေဆုံး/ဒဏ်ရာရ  အမြန်လမ်း မိုင်တိုင်အမှတ်(၂၄၀/၀-၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွား၊ သေဆုံး/ဒဏ်ရာရ Reviewed by THITHTOOLWIN on 19:06 Rating: 5
Powered by Blogger.