အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း 'ဆော်ဒီလာ' တရုတ်(တိုင်ပေ)တွင် တိုက်ခတ် လူခြောက်ဦးထက်မနည်းသေဆုံး၊ အများအပြားဒဏ်ရာရ


 တိုင်ပေ သြဂုတ် ၈

တရုတ်(တိုင်ပေ)အရှေ့ပိုင်း၌ သြဂုတ် ၈ ရက်က အင်အားပြင်းထန်သည့် တိုင်ဖွန်း မုန်တိုင်း''ဆော်ဒီလာ'' တိုက်ခတ်ခဲ့ရာ လူခြောက်ဦး သေဆုံးကာ လေးဦးပျောက်ဆုံး ပြီး ၁ဝ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ် (တိုင်ပေ) သဘာဝဘေးအန္တရာယ်ဆောင်ရွက် ရေးဌာနကပြောကြားသည်။ အဆိုပါမုန်တိုင်း သည် တရုတ်နိုင်ငံ၏ ယခုနှစ်အတွင်း (၁၃) ကြိမ်မြောက်မုန်တိုင်းဖြစ်သည်။

မုန်တိုင်းကြောင့် တရုတ်(တိုင်ပေ) သမိုင်း တွင် အကြီးမားဆုံးဓာတ်အားပြတ်တောက်မှုအဖြစ် အိမ်ထောင်စု သုံးသန်းကျော်အား ဓာတ်အားပေးပို့မှု ဖြတ်တောက်ခဲ့ကြောင်း၊ မြို့တော်တွင်းရှိ စီရင်စုနယ်မြေများတွင် ၂၄ နာရီအတွင်းမိုးသည်းထန်မှု ကြုံတွေ့ရမည် ဖြစ်ကြောင်း၊တိုင်ဖွန်းမုန်တိုင်း''ဆော်ဒီလာ'' က အစပြုလာသော အနောက်တောင် မုတ်သုံလေကြောင့် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှု မြင့်တက်လာနိုင်သည်။ တရုတ် (တိုင်ပေ) အလယ်ပိုင်း၊ တောင်ပိုင်းနှင့် တောင်ကုန်းထူထပ်သော နယ်မြေများရှိ ဒေသခံများကို သတိပေးထားသည်။

''ဆော်ဒီလာ'' မုန်တိုင်းမှာ တစ်နာရီ ၁၃၇ မှ ၁၇၃ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ် နေဆဲဖြစ်ပြီး ရှစ်မီတာမှ ၁၁ မီတာထိ မြင့်သော ကြီးမားသည့် လှိုင်းလုံးကြီးများ ကို တရုတ်(တိုင်ပေ) အရှေ့ဘက်ကမ်းခြေ တစ်လျှောက် မြင်တွေ့ခဲ့ရသည်။ မုန်တိုင်းမှာ ထိုင်ဝမ်ရေလက်ကြားအနီးရှိ ပန်ဟူးစီရင်စု နယ်မြေ၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၅ဝ အကွာတွင် ဗဟိုပြုနေပြီး ညနေ ၃ နာရီမှစ၍ တစ်နာရီလျှင် ၁၈ ကီလိုမီတာနှုန်းဖြင့် အနောက် မြောက်ဘက်သို့ ဦးတည်တိုက်ခတ်နေသည်။သြဂုတ် ၈ ရက်တွင် တရုတ်(တိုင်ပေ)ရှိ ရုံးများ၊ ကျောင်းများအားလုံးကိုပိတ်ထားပြီး မြန်နှုန်းမြင့်ရထားလိုင်းများ၊ ပုံမှန်ရထား ကွန်ရက်များပြေးဆွဲမှုကို သြဂုတ်လ အစောပိုင်းကတည်းက ဆိုင်းငံ့ထားသည်။ တရုတ်(တိုင်ပေ)ကျွန်းပေါ်ရှိ လေဆိပ်များ အားလုံးကိုလည်းပိတ်ထားခဲ့ပြီး ပျံသန်းရောက်ရှိလာမည့် လေယာဉ်များကို ဟောင်ကောင်နှင့် အိုဆာကာအပါအဝင် အခြားမြို့တော်များတွင် ဆင်းသက်စေသည်။

[ဆင်ဟွာ]
The Mirror Daily
https://www.facebook.com/TheMirrorDaily
အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း 'ဆော်ဒီလာ' တရုတ်(တိုင်ပေ)တွင် တိုက်ခတ် လူခြောက်ဦးထက်မနည်းသေဆုံး၊ အများအပြားဒဏ်ရာရ   အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း 'ဆော်ဒီလာ' တရုတ်(တိုင်ပေ)တွင် တိုက်ခတ် လူခြောက်ဦးထက်မနည်းသေဆုံး၊ အများအပြားဒဏ်ရာရ Reviewed by သစ်ထူးလွင် on 07:13 Rating: 5
Powered by Blogger.