ဘင်္ဂလာဒေ့ရှ်က မြန်မာရေဘေးအတွက် ကူညီမည်

( Bd News 24 တွင် ဖော်ပြသော ကလေးတွင် သြဂုတ် ၂ ရက်နေ့က ရေကြီးနေသည့် ဓါတ်ပုံ - ရိုက်တာ)
 ရန်ကုန်၊ သြဂုတ် ၆

 ဘင်္ဂလာဒေ့ရှ်နိုင်ငံ အနေဖြင့် မြန်မာရေဘေး အတွက် အကူအညီများ ပေးပို့သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာဒေ့ရှ် ၀န်ကြီးချူပ် ရှိတ်ဟာဆီးနာမှ မြန်မာနိုင်ငံရေ ဘေးအတွက် အဆောတလျင် ကူညီမှုများ လုပ်ဆောင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို ညွှန်ကြားချက် ထုတ်ပြန်လိုက်ပြီဟု Bd News 24 တွင် သတင်း ဖော်ပြသည်။

ကူညီမည့် ပစ္စည်းများထဲတွင် အသက်ကယ်ဆေးများ၊ ရေသန့်ဆေးများနှင့် ကရိယာအစုံ ထည့်ထားသော အိတ်များ၊ စောင်များ၊ ရွက်ဖျင်တဲများနှင့် တစ်ခြား အသုံးအဆောင် ပစ္စည်းများပါဝင်မည်ဟု ဆိုသည်။

ယင်းထောက်ပံ့ပစ္စည်းများကို ဘင်္ဂလာဒေ့ရှ် အမျိုးသားပိုင် လေကြောင်းလိုင်းဖြင့် အမြန်ဆုံး ပို့ဆောင်သွားမည်ဟု ၀န်ကြီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။

မြန်မာနှင့် ဘင်္ဂလာဒေ့ရှ်မှာ လက်ရှိ အချိန်တွင် ဒုက္ခသည် ပြသနာနှင့် ပတ်သက်ပြီး ဆက်ဆံရေး မပြေပြစ်ကြောင်းဖြင့်လည်း သတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလာဒေ့ရှ်သည် ကမ္ဘာပေါ်တွင်သဘာဝ ဘေးအန္တရာယ်ကို နှစ်စဉ် ကြုံတွေ့နေရသော နိုင်ငံ ဖြစ်သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အတွေ့အကြုံရင့်ကျက်သော နိုင်ငံ တစ်ခု ဖြစ်သည်။

Arakan State
https://www.facebook.com/NarinjaraNews

ဘင်္ဂလာဒေ့ရှ်က မြန်မာရေဘေးအတွက် ကူညီမည်  ဘင်္ဂလာဒေ့ရှ်က မြန်မာရေဘေးအတွက် ကူညီမည် Reviewed by သစ်ထူးလွင် on 07:09 Rating: 5
Powered by Blogger.