အမ်းချောင်းရေ မြင့်တက်လာမှုကြောင့် ကျေးရွာ နေအိမ်အချို့ ရေကြီး နစ်မြုပ်


 အမ်း သြဂုတ် ၁ ရက်

 ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် ဇူလိုင်လ (၃၀) ရက်နေ့က မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ညနေ (၄)နာရီ အချိန်မှစတင်၍ အမ်းချောင်းရေ တစ်ဖြည်းဖြည်း မြင့်တက်လာလျှက် ရှိပြီး ၎င်းနေ့ည (၁၂)နာရီ အချိန်တွင် ချောင်းရေ မြင့်တက်လာမှု အမြင့်ဆုံးမှာ ချောင်းကမ်းပါး နုတ်ခမ်း(၁)ပေခန့် အထိသာ မြင့်တက်လာပြီး ဆက်လက် မြင့်တက်လာမှု မရှိဘဲ ဇူလိုင် (၃၁)ရက် ညနေ (၄)နာရီထိ ရပ်တန့်လျှက် ရှိပြီး မိုးဆက်လက် ရွာသွန်းမှု မရှိသောကြောင့် ရေများ လျော့ကျသွားလျှက် ရိသည်။


 အဆိုပါ အမ်းချောင်းရေ မြင့်တက်လာမှုမှာ မြို့ပေါ် ရပ်ကွက်အထိ ရေလျှံတက်လာခြင်း မရှိကြောင်း၊ သို့သော်လည်း အမ်းမြို့နယ်နှင့် (၄)မိုင်ခန့် ကွာဝေးသော အောက်ရွာကျေးရွာနှင့် ချောင်းအောက်ပိုင်း ကမ်းနားနေ ကျေးရွာအချို့တွင် လူနေအိမ်များ ၃ ပေမှ ၇ ပေခန့် ရေနစ်မြုပ်ခဲ့ရာ ကားများ ဖြတ်သန်းသွားလာ၍ မရရှိသေးဘဲ ရေလျော့ကျချိန်အား စောင့်ဆိုင်းလျှက် ရှိပြီး သြဂုတ် (၁)ရက်နေ့ထိ ကားများ သွားလာ၍ မရရှိသေးကြောင်း၊ ၎င်းရေကြီး နစ်မြုပ်ရာ ကျေးရွာများသို့ သွားရောက်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများက ကူညီ ကယ်ဆယ်ရေးနှင့် အစားအသောက်များ စီစဉ် ဆောင်ရွက်ပေးလျှက် ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar



အမ်းချောင်းရေ မြင့်တက်လာမှုကြောင့် ကျေးရွာ နေအိမ်အချို့ ရေကြီး နစ်မြုပ်   အမ်းချောင်းရေ မြင့်တက်လာမှုကြောင့် ကျေးရွာ နေအိမ်အချို့ ရေကြီး နစ်မြုပ် Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.