ဒဂုံ(မြောက်ပိုင်း)၌ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅ သန်း ထပ်မံဖမ်းဆီးရမိ


 နေပြည်တော် သြဂုတ် ၁၃

 ဇူလိုင် ၂၆ ရက်က မင်္ဂလာဒုံမြို့မ ရဲစခန်းမှ လှည့်ကင်းအဖွဲ့သည် မင်္ဂလာဒုံစက်မှုဇုန် (ဇေကမ္ဘာဝင်း)၊ အိုးအိမ်ခြောက်လမ်းသွား လမ်းမ ပေါ်၌ ယာဉ်အမှတ် 4G/---KIA BONGO ယာဉ်၊ ကွန်တိန်နာအတွင်း မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၇ သန်း၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃၃ ဒသမ ၅ ဘီလီယံ သိမ်းဆည်း ရမိခဲ့ပြီး ယာဉ်ပေါ်၌ 7I/------မော်တော်ယာဉ်နံပါတ်ပြားနှင့် 1G/ --- မော်တော်ယာဉ်နံပါတ်ပြားများ ကိုရှာဖွေတွေ့ရှိခဲ့ပြီး မင်္ဂလာဒုံစက်မှု ဇုန်၊ အမှတ်(၃)လမ်းဆုံ မီးပွိုင့်အနီး တွင်ရပ်ထားသောKIA BONGO အမျိုးအစား မော်တော်ယာဉ်အား 7I/---- ယာဉ်နံပါတ်ဖြင့် ထပ်မံ သိမ်းဆည်းရမိခဲ့သည်။


အဆိုပါယာဉ်များ၏ ယာဉ်ပိုင်ရှင် အမည်ပါလိပ်စာများကို စစ်ဆေး ဖော်ထုတ်ခဲ့ရာ ဒဂုံ(မြောက်ပိုင်း) မြို့နယ် (၄၃) ရပ်ကွက်၊ ဇွဲကပင်လမ်း၊ အမှတ်(၁၁၁၃)၊ နေအိမ်မှ KALA- DAN DELTA DEVELO- PMENT Co.,Ltd နှင့် ပတ်သက် သောစာရွက်စာတမ်းများကို သိမ်း ဆည်းရမိခဲ့ပြီး လှမောင်၊ အောင်လင်း နှင့် ပြည့်စိုးတို့မှာ တစ်ဦးတည်း ဖြစ်ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက် ခဲ့သည်။

KALADAN DELTA DEVELOPMENT Co.,Ltd ကုမ္ပဏီသည် အမှတ်(၂၂၈) ပဒေသ ရာဇာလမ်း (၄၁) ရပ်ကွက် ဒဂုံ (မြောက်ပိုင်း)မြို့နယ်၌ရှိပြီး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာနှင့် အဖွဲ့ဝင် ဒါရိုက်တာများမှာ မင်းဦးခိုင်၊ ကျော်အေးလှိုင်(ခ) ခိုင်အောင်စိုးနှင့် ဝင်းလှိုင်(ခ) ဦးဝင်းလှိုင်တို့ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကုမ္ပဏီ ရုံးချုပ်၊ ကုမ္ပဏီရုံးခွဲနှင့် ၄င်းတို့၏ နေအိမ်များကို သြဂုတ် ၃ ရက် တွင် ရှာဖွေစစ်ဆေးခဲ့ရာ ၄င်းတို့ မှာ နေအိမ်နှင့်ရုံးများကို သော့ပိတ် ထွက်ပြေးတိမ်းရှောင်သွားကြပြီး ကုမ္ပဏီ ရုံးချုပ်အခန်းအတွင်းမှ ဆာလာအိတ် ငါးအိတ်ဖြင့်ထည့်ထားသော စိတ်ကြွ ရူးသွပ်ဆေးပြား ၁ ဒသမ ၅ သန်း စုစုပေါင်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၇၅ဝဝဝ (၇ ဒသမ ၅ ဘီလီယံ) ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

KALADAN DELTA DEVELOPMENT Co.,Ltd. မှ တွေ့ရှိသော စိတ်ကြွရူးသွပ်ဆေးပြား များ၏ပြင်ပလက္ခဏာနှင့် ထုပ်ပိုးမှုပုံစံ များသည် မင်္ဂလာဒုံ၌ သိမ်းဆည်း ရမိသော စိတ်ကြွရူးသွပ်ဆေးပြား များ၏ပြင်ပလက္ခဏာနှင့် ထုပ်ပိုးမှု ပုံစံများနှင့် တူညီကြောင်းတွေ့ရှိရပြီး မင်းဦးခိုင် (၂၉ နှစ်)၊ ကျော်အေးလှိုင် (ခ) ခိုင်အောင်စိုး (၃ဝ နှစ်)၊ ဝင်းလှိုင် (ခ) ဦးဝင်းလှိုင် (၃၃ နှစ်)၊ လှမောင်(ခ) အောင်လင်း(ခ) ပြည့်စိုး (၂၆ နှစ်)၊ အေးသန်း (၂၆ နှစ်)၊ သန်းမြင့် (၃ဝ နှစ်)၊ ရွှေသီးမောင်(၂၈ နှစ်)၊ သန်းထွန်း (၂၆ နှစ်)တို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်းနှင့် အမှုမှ ထွက်ပြေးတိမ်းရှောင်လျက်ရှိ သော ၄င်းတို့အား ဖမ်းဆီးရမိရေး အတွက် ပိတ်ဆို့ရှာဖွေခြင်း၊ ရေဆိပ်၊ လေဆိပ်များနှင့် နယ်စပ် ဝင်/ထွက် ပေါက်များ၌ ရှာဖွေခြင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် သတင်းဖလှယ်စုံစမ်း ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

(သတင်းစဉ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဒဂုံ(မြောက်ပိုင်း)၌ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅ သန်း ထပ်မံဖမ်းဆီးရမိ   ဒဂုံ(မြောက်ပိုင်း)၌ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅ သန်း ထပ်မံဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 09:19 Rating: 5
Powered by Blogger.