မြန်မာ ၂ ဦး ရဲစစ်ချက် ငြင်းပယ်ခံရ

ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ဖမ်းဆီးခံရစဉ် (Credit: Reuters) 
 လူသတ်မှုနဲ့ ​တရားစွဲခံထားရတဲ့ ​ထိုင်းနိုင်ငံက ​မြန်မာရွှေ့ပြောင်း ​အလုပ်သမား ​၂ ​ဦး ​နဲ့ ​ပတ်သက်တဲ့ ​ဗြိတိသျှရဲ ​မှတ်တမ်းတွေကို ​တရားခံတွေဘက်က ​ကြည့်ရှုခွင့်မပေးဖို့ ​ဗြိတိသျှ ​တရားရုံးက ​ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

လိပ်ကျွန်းလို့ ​ခေါ်တဲ့ ​ထိုင်းနိုင်ငံကော့တောင်ကျွန်းမှာ ​ဗြိတိသျှ ​စုံတွဲကို ​သတ်ဖြတ်မှုနဲ့ ​ အသက် ​၂၂ ​နှစ်အရွယ် ​ဝေဖြိုး ​နဲ့ ​ဇော်လင်းကို ​တရားစွဲဆိုထားတာ ​ဖြစ်ပါတယ်။

အဲဒီ ​စုံတွဲရဲ့ ​ဦးခေါင်းမှာ ​ပြင်းထန်တဲ့ ​ဒဏ်ရာ ​ရှိသလို ​အမျိုးသမီးဟာလည်း ​အဓ္ဓမပြုကျင့်ခံထားကြောင်း ​စစ်ဆေးတွေ့ရှိထားပါတယ်။

နိုင်ငံဝင်ငွေရဲ့ ​၁၀% ​ဖြစ်တဲ့ ​ကမ္ဘာလှည့်ခရီးသွားလာရေးကို ​ထိခိုက်လာနိုင်တဲ့ ​အတွက် ​ထိုင်းအစိုးရက ​ဒီအမှုကို ​အထူး ​သတိထား ​လုပ်ဆောင်နေပါတယ်။

မြန်မာ ​၂ ​ဦးက ​ဖြောင့်ချက်ပေးခဲ့ပေမယ့် ​နောက်ပိုင်းမှာတော့ ​ထိုင်းရဲတွေက ​အတင်းအဓ္ဓမ ​နှိပ်စက်ပြီး ​ဖြောင့်ချက်ပေးခိုင်းခဲ့တာ ​ဖြစ်ကြောင်း ​ပြန်လည် ​ထွက်ဆိုတဲ့အတွက် ​ဗြိတိသျှ ​အစိုးရ ​က ​ဒီအမှုထဲမှာ ​ပါဝင်လာတာလည်း ​ဖြစ်ပါတယ်။

လွတ်လပ်မျှတတဲ့ ​စုံစမ်း ​စစ်ဆေးမှုတွေ ​လုပ်ဖို့ ​ဗြိတိန် ​အစိုးရနဲ့ ​ထိုင်း ​အစိုးရ ​အကြားမှာ ​သဘောတူခဲ့တာလည်း ​ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ​ဗြိတိသျှ ​အစိုးရရဲ့ ​မူအရ ​သေဒဏ်ပေးတဲ့ ​အမှုတွေမှာ ​နိုင်ငံခြားရဲတွေကို ​အကူအညီ ​ပေးလို့ ​မရတဲ့အတွက် ​ထိုင်းရဲတွေရဲ့ ​စစ်ဆေးမှုကို ​ကြီးကြပ်ပေးဖို့ ​အတွက် ​လုပ်ဆောင်ခဲ့တာ ​ဖြစ်ပါတယ်။

ဒီလို ​စစ်ဆေးချက်တွေကို ​သေဆုံးသူ ​မိသားစုဝင်တွေကို ​ပြဖို့ ​အရင်ကတည်းက ​သဘောတူထားပေမယ့် ​တရားခံ ​မြန်မာတွေဘက်က ​တရားရုံးမှာ ​တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ​ဗြိတိန် ​ရဲတွေက ​ဒီတောင်းဆိုချက်ကို ​ငြင်းပယ်ခဲ့သလို ​အဲဒီ ​အစီရင်ခံစာကို ​အပြည့်အ၀ဖတ်ပြီးတဲ့ ​ဗြိတိန် ​တရားသူကြီးကလည်း ​အခု ​တွေ့ရှိချက်တွေဟာ ​တရားခံတွေအတွက် ​အထူးတလည် ​အကျိုးဖြစ်နိုင်မယ့် ​အချက်တွေ ​မရှိတဲ့အတွက် ​တရားခံတွေဘက်က ​ကြည့်ရှုခွင့် ​မပေးဖို့ ​ဗြိတိသျှ ​တရားသူကြီး ​က ​ဆုံးဖြတ်လိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာ ၂ ဦး ရဲစစ်ချက် ငြင်းပယ်ခံရ   မြန်မာ ၂ ဦး ရဲစစ်ချက် ငြင်းပယ်ခံရ Reviewed by THITHTOOLWIN on 11:59 Rating: 5
Powered by Blogger.