ဆောက်လုပ်ဆဲမုန်းချောင်းပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး


ကျောက်ကြီး သြဂုတ် ၂၆

ကျောက်ကြီးမြို့နယ် မုန်းမြို့ အဝင် မုန်းချောင်းတံတား စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ဦး တံတားပေါ်မှ ပြုတ်ကျကာ မုန်းချောင်းရေ အောက် နစ်မြုပ်ပျောက်ဆုံးခဲ့ ကြောင်း သိရသည်။

မုန်းမြို့ အမှတ်(၁)ရပ်ကွက်နေ ဦးဌေးနိုင်(၂၈ နှစ်)သည် မုန်းချောင်း တံတား ဆောက်လုပ်ရေးလုပ်ငန်းခွင် ၌ လွန်ခဲ့သော ၁ဝ ရက်ခန့်မှစတင်၍ နေ့စား အလုပ်သမားဝင်ရောက် လုပ်ကိုင်ခဲ့ရာ သြဂုတ် ၂၆ ရက် နံနက် ၈ နာရီခွဲခန့်က တံတားပေါ်၌ အလုပ် လုပ်နေရာမှ မတော်တဆပြုတ်ကျ ကာမုန်းချောင်းရေနှင့် နစ်မြုပ်မျော ပါသွားသဖြင့် တာဝန်ရှိသူများက ချက်ချင်း စက်လှေများဖြင့် ရှာဖွေ ခဲ့သော်လည်း ရှာမတွေ့ဘဲ ရေငုပ် သမားများခေါ်ယူ ရှာဖွေမှုများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ညနေ ၄ နာရီအထိ ရှာဖွေခဲ့သော်လည်း မတွေ့ရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါချောင်းအတွင်း လူသေဆုံးမှုမှာ ၂ဝ၁၅ ခုနှစ်အတွင်း လေးယောက်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

 ပန်းချီသန်းဝင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆောက်လုပ်ဆဲမုန်းချောင်းပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး  ဆောက်လုပ်ဆဲမုန်းချောင်းပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 06:22 Rating: 5
Powered by Blogger.