ရထားပေါ် ပစ်ခတ်မှုပြုလုပ်သူတစ်ဦးအား ပြင်သစ်တာဝန်ရှိသူများ စစ်ဆေးမေးမြန်း


 ပါရီ သြဂုတ် ၂၃

 လူအပြည့်လိုက်ပါလာသော ရထားတစ်စင်းပေါ်၌ သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သူ မော်ရိုကို နိုင်ငံသားတစ်ဦး အား ပြင်သစ်အကြမ်းဖက်မှု တိုက်ဖျက်ရေးအရာရှိများက သြဂုတ် ၂၃ ရက်တွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ် ပြန်သည်။

အသက် (၂၅) နှစ် အရွယ်ရှိ မော်ရိုကို နိုင်ငံသားမှာ အယွတ်အယ်လ်ခါဇာနီ ဆိုသူဖြစ်ပြီး သြဂုတ် ၂၁ ရက် မွန်းလွဲပိုင်းက ခရီးသည်တင် ရထားတစ်စင်းပေါ်တွင် သေနတ်ပစ်ခတ်မှု ပြုလုပ်ခဲ့သည်။ အမေရိကန် ခရီးသည် သုံးဦးသည် ဗြိတိန်နိုင်ငံသားတစ်ဦး၏ ပူးပေါင်းကူညီမှုဖြင့် အဆိုပါ သေနတ်သမားကို နပန်းလုံးကာ ဝိုင်းဝန်းဖမ်းချုပ် နိုင်ခဲ့ကြသည်။
ခါဇာနီသည် မွတ်စလင် အစွန်းရောက် သမားတစ်ဦး အဖြစ် သံသယရှိခြင်းခံရသူဖြစ်သည်။

သြဂုတ် ၂၁ ရက်က နယ်သာလန်နိုင်ငံ အမ်စတာဒမ် မြို့မှ ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ခုတ်မောင်းနေသော သာလစ် နိုင်ငံတကာအမြန်ရထားလိုင်း၏ ရထားတစ်စင်း ပေါ်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ သေနတ်သမား သည် ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ¤င်းနှင့်အတူ အေကေ-၄၇ မောင်းပြန်ရိုင်ဖယ်သေနတ်နှင့် ကျည်ဆန် များလည်းပါရှိကြောင်း သတင်းတွင် ဖော်ပြသည်။ ဖြစ်စဉ် ၌ ခရီးသည်တစ်ဦး လည်ပင်းတွင် သေနတ်ဒဏ်ရာ ရရှိခဲ့သည်။

ခွင့်ဖြင့် ခရီးသွားလာနေကြသော အမေရိကန်စစ်ဘက် ဆိုင်ရာ တပ်ဖွဲ့ဝင် သုံးဦးက ဦးဆောင်၍ သေနတ်သမားကို လုံးထွေးသတ်ပုတ်ကာ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်သမားမှာ ဥရောပ လေးနိုင်ငံကျော် က စစ်သွေးကြွတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ရထားပေါ် ပစ်ခတ်မှုပြုလုပ်သူတစ်ဦးအား ပြင်သစ်တာဝန်ရှိသူများ စစ်ဆေးမေးမြန်း   ရထားပေါ် ပစ်ခတ်မှုပြုလုပ်သူတစ်ဦးအား ပြင်သစ်တာဝန်ရှိသူများ စစ်ဆေးမေးမြန်း Reviewed by THITHTOOLWIN on 07:24 Rating: 5
Powered by Blogger.