အိန္ဒိယမှာ အဆောက်အဦးဟောင်း ပြိုကျလို့ လူ ၁၁ ဦးသေဆုံး


 အိန္ဒိယနိုင်ငံ အနောက်ပိုင်း Mumbai မြို့အနီးမှာ လူနေအဆောက်အဦးတစ်ခု ပြိုကျတဲ့အတွက် အနည်းဆုံး လူ ၁၁ ဦးသေဆုံးသွားကြောင်း အိန္ဒိယ ရဲတွေက ပြောပါတယ်။

Thane မြို့မှာရှိတဲ့ အဆိုပါ ၃ ထပ်အဆောက်အဦးဟာ သက်တန်းအနှစ် ၅၀ ကြာနေပြီဖြစ်ပြီး အိန္ဒိယ အစိုးရက လူနေထိုင်ဖို့မသင့်တဲ့ အန္တရယ်ရှိ ယိုယွင်းပျက်စီးနေတဲ့ အိုးအိမ်ဟောင်းအဖြစ် ကြေညာထားပေမယ့် နေထိုင်သူတွေက အဲဒီနေရာက ထွက်ခွာပေးဖို့ ငြင်းဆိုခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက ပြိုကျနေတဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေနေကြဆဲဖြစ်ပြီး သေဆုံးသူ ၁၁ ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီး အသက်ရှင်သူ ၇ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးအရာရှိ Alok Avasthy က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

အိန္ဒိယနိုင်ငံ Mumbai မြို့တ၀ိုက်မှာ အိုးအိမ်အဆောက်အဦးပေါင်း ၁ ၄၀၀၀ လောက်ဟာ နှစ်ပေါင်း ၇၀ ကျော် သက်တန်းရှိနေပြီ ဖြစ်ပါတယ်။

Mumbai မြို့ရဲ့ အိမ်ရာအဆောက်အအုံဈေးတွေနဲ့ အိမ်ငှားခတွေဟာ အာရှက ဈေးအကြီးဆုံးထဲမှာ ပါဝင်ပြီး အဲဒီမြို့မှာ နေထိုင်သူ လူ ၁၈ သန်းရဲ့ ၆၀ ရာခိုင်နှုန်းဟာ ဆင်းရဲသားရပ်ကွက်နဲ့ အိုးအိမ်ဟောင်းတွေမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်အတွင်းကလည်း အဆောက်အဦးဟောင်း ၁၀၀ ကျော် ပြိုကျခဲ့တဲ့အတွက် ၅၃ ဦး သေဆုံးခဲ့ပြီး ၁၀၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
အိန္ဒိယမှာ အဆောက်အဦးဟောင်း ပြိုကျလို့ လူ ၁၁ ဦးသေဆုံး  အိန္ဒိယမှာ အဆောက်အဦးဟောင်း ပြိုကျလို့ လူ ၁၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.