ကသာမြို့နယ် ပညာရေးဝန်ထမ်းများ၏ လစာငွေများအား လစဉ် ဖြတ်တောက်နေခြင်းကို ရပ်တန့်ပေးစေလို


 စစ်ကိုင်းတိုင်း ကသာမြို့နယ်မှ ပညာရေးဝန်ထမ်းများ၏ လစာငွေများကို မြို့နယ်ပညာရေးမှူးရုံးမှ လစဉ်ဖြတ်တောက်နေသောကြောင့် ကသာမြို့နယ် အတွင်းရှိ ပညာရေးဝန်ထမ်းများ၏ နေထိုင်စားသောက်ရေးတို့မှာ အကြပ်အတည်းများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

ကျွန်မ က ကျောင်းဆရာမတစ်ဦးပါ ကျွန်မတို့ ကသာမြို့နယ်က ပညာရေးဝန်ထမ်းတွေရဲ့ လစာငွေတွေကို လစဉ်ဖြတ်တောက်ခြင်း ခံနေရပါတယ်။ မြို့နယ်ပညာရေးမှူး ရုံးက ဖြတ်တာပါ ။ အကြောင်းရင်းကတော့ ပင်စင်ထောက်ပံ့ကြေး ၊ ကထိန်ကြေး နှင့် အခြားခေါင်းစဉ် မရှိသော အလှူငွေများကိုလည်း  လစဉ် ထည့်ပေးနေရပါတယ်။ ဒီလို လစဉ် လတိုင်း လစာငွေထဲက ဖြတ်တောက်နေတာကတော့ မကောင်းပါဘူး။ ပင်စင်ထောက်ပံ့ကြေးဆို အရင်က ငါးရာကျပ် လစဉ်ထည့်ရတယ်။ အခု လစဉ် နှစ်ထောင်ကျပ် ထည့်ရတယ် ။ ဒီလဆို ငါးထောင်ကျပ်နီးပါး အဖြတ်ခံရတယ် ကျွန်မတို့ ကျောင်းဆရာမတွေဆိုတာ မိသားစုတွေရှိပါတယ်။ တစ်ဖက်က သာရေး နာရေးကြေးတွေနှဲ့ အကုန်အကျ များလှပါတယ်။ ရေဖိုး မီးဖိုး အခွန်ဆောင်ရတာတွေ များလွန်းလို့ လစာတိုးတယ် ဆိုတာ ဘယ်နားရောက်သွားမှန်းတောင် မသိပါဘူး ။ ကိုယ့်မိသားစု စားဝတ်နေရေးတောင် အနိုင်နိုင် ရပ်တည်နေရပါတယ်။ ကျွန်မတို့ ပညာရေးဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်း အဆင့်မှစလို့ ကျောင်းအုပ်ကြီးနဲ့တကွ ကသာမြို့နယ်က ပညာရေးဝန်ထမ်းပေါင်း အင်အား တစ်ထောင်ကျော်ကို ကောက်ခံဖြတ်တောက်ပါတယ်။ ဘယ်လိုတွေ အသုံးပြုလိုက်တယ်ဆိုတာ ပွင့်လင်းမြင်သာစွာဖြင့်  ပြောဆိုရှင်းလင်းတာမျိုး မရှိခဲ့ပါဘူး။ နောက်ပြီးတော့ ကထိန်ကြေးအတွက် လစဉ် ငါးရာကျပ် ထည့်ပါတယ်။  ဘာသာရေးအတွက် ထည့်ပေးရတာကိုတော့ မငြိုငြင်ပါဘူး။ ဒါပေမဲ့ ကထိန်ရာသီရောက်ပြီ ဆိုရင် ပညာရေးဝန်ထမ်းတွေ လစဉ်ထည့်ထားတဲ့ ငွေကြေးတွေဟာ အပြည့်အဝ ထွက်ပေါ်လာတာမျိုး မရှိတော့ပါဘူး။ အခြားခေါင်းစဉ် မရှိတဲ့ အလှူငွေတွေလည်း ထည့်နေရပါတယ်။ ပညာရေးဝန်ထမ်းတွေဆိုတာ အခြားဌာနဆိုင်ရာ ဝန်ထမ်းတွေလို လစာကို ဂရုမစိုက်ပဲ စားနေနိုင်တဲ့ ဝန်ထမ်းမျိုးမဟုတ်ပါဘူး။ နိဂုံးချုပ် ပြောရရင် အခုလို လစာငွေတွေကို လစဉ်ဖြတ်တောက်နေတာကို ပညာရေးဝန်ထမ်းတွေ တော်တော်များများက မကြိုက်ကြပါဘူး။ ဒီလိုလုပ်ဆောင်နေတာဟာ ဆရာဆရာမ များရဲ့သဘောဆန္ဒမပါပဲ အဓမ္မလုပ်ဆောင် နေတာနဲ့ အတူတူပါပဲ။ ဒါကြောင့်မို့ ကသာမြို့နယ် ပညာရေးမှူးရုံးအနေနဲ့ ပညာရေးဝန်ထမ်းတွေဆီက လစာငွေ ဖြတ်တောက်တာတွေကို ရပ်တန်းကရပ် စေလိုပါတယ်ရှင့် ´´ ဟု ကသာမြို့နယ်က ကျောင်းဆရာမ တစ်ဦးက ပြောကြားသည်။

ကျောင်းဆရာမ တစ်ဦး
ကသာမြို့နယ် ပညာရေးဝန်ထမ်းများ၏ လစာငွေများအား လစဉ် ဖြတ်တောက်နေခြင်းကို ရပ်တန့်ပေးစေလို  ကသာမြို့နယ် ပညာရေးဝန်ထမ်းများ၏ လစာငွေများအား လစဉ်  ဖြတ်တောက်နေခြင်းကို ရပ်တန့်ပေးစေလို Reviewed by THITHTOOLWIN on 09:32 Rating: 5
Powered by Blogger.