"နေကြာ''ခရီးသည်ယာဉ် တံတားအား ဝင်တိုက်

 အရှိန်မထိန်းနိုင်သော ခရီးသည်တင်ယာဉ် တံတားအား ဝင်တိုက်
 နေပြည်တော်၊ ဩဂုတ် ၆

 ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၁၀/၆-၇)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ဖြူးအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်နေ နေဇင်ထွန်း(၃၃)နှစ်မောင်းနှင်လာသော 5E/×××× "နေကြာ''ခရီးသည်တင်မှန်လုံယာဉ်သည် အရှိန်မထိန်း နိုင်ဘဲ ဇဟားချောင်းတံတားယာဘက်ခြမ်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိ မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်မှာ ရှေ့ဦးခေါင်းပိုင်း ပိန်ချိုင့်၊ ရှေ့ဘန်ဘာပိန်ချိုင့်၊ ဝဲဘက်ရှေ့မီးလုံးကွဲ၍ တန်ဖိုးငွေကျပ်(၁၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ သဖြင့် နေဇင်ထွန်းအား ဖြူးအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
"နေကြာ''ခရီးသည်ယာဉ် တံတားအား ဝင်တိုက်   "နေကြာ''ခရီးသည်ယာဉ် တံတားအား ဝင်တိုက် Reviewed by သစ်ထူးလွင် on 04:52 Rating: 5
Powered by Blogger.