ငွေလဲလှယ်မှုတွင် ဒေါ်လာဈေးနှုန်းမြင့်တက်မှုမှာ ခဏတာသာဖြစ်မည်ဟု စီးပွားရေး အကဲခတ်တစ်ဦး ပြောကြား


 ကျပ်ငွေနှင့်လဲလှယ်ရာတွင် ဒေါ်လာဈေးနှုန်း မြင့်တက်မှုသည် ကာလရှည်မဟုတ်ဘဲ ခဏတာသာ ဖြစ်မည်ဖြစ်ကြောင်း၊ အကြောင်းမှာ အကူအညီ အထောက်အပံ့ စီးဝင်လာမှုများက ဒေါ်လာ ရောင်းလိုအားကို မြင့်တက်လာစေမည်ဖြစ်ကြောင်း စီးပွားရေးအကဲခတ်ပညာရှင်တစ်ဦးက သြဂုတ် ၁၄ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒေါ်လာ လဲလှယ်နှုန်းမှာ သြဂုတ် ၁၄ ရက်က ၁၂၅၆ ကျပ် ဖြစ်ပြီး သြဂုတ် ၁၃ ရက်က ၁၂၄၆ ကျပ်၊ ယခုလ အစောပိုင်းက ၁၂၃၄ ကျပ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် မြင့်တက်လာခဲ့သည်။ ဈေးကွက် အခြေအနေအရ ဒေါ်လာဈေးနှုန်းမှာ ဆက်လက် ပြီး ပြန်မတ်လာမည်မဟုတ်ဘဲ တက်လိုက်ကျလိုက် သာရှိနေမည်ဖြစ်ကြောင်း၊ ရေဘေးသင့်လှူဒါန်းမှု များကြောင့် ကျပ်ငွေဝယ်လိုအားမြင့်တက်ကာ ကျပ်ငွေတန်ဖိုး မြင့်တက်လာမည့်အချိန်တွင် နိုင်ငံ တကာအကူအညီများ စီးဝင်လာမှုကြောင့် ဒေါ်လာ ဝယ်လိုအား ကျဆင်းလာပြီး မကြာသေးမီက ကျပ်ငွေနှင့်လဲလှယ်သည့် ဒေါ်လာဈေးနှုန်းမြင့်မှု ကို ထိခိုက်လာမှာဖြစ်ကြောင်း Applied Economics မှ ဦးစောနိုင်က သတင်းထောက်များ ကို ပြောကြားသည်။

အခြားအကြောင်းရင်းများကြောင့်ဒေါ်လာ ဈေးနှုန်းမြင့်တက်လာမှုမှာလည်းခဏတာသာဖြစ်လိမ့်မည်ဖြစ်ကြောင်း ဦးစောနိုင်ကဆိုသည်။ သြဂုတ် ၁၄ ရက်က တရားဝင်ဒေါ်လာလဲလှယ်နှုန်းမှာ ၁၂၅၆ ကျပ်ရှိသော်လည်း ဈေးကွက်၌ ဒေါ်လာ လဲလှယ် နှုန်းမှာ ကျပ် ၁၂၈ဝ အထိ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ မော်တော်ကားထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက မကြာသေးမီက ဒေါ်လာဈေးနှုန်းမြင့် တက်ခဲ့ခြင်းသည် ပို့ကုန်ပစ္စည်းဈေးနှုန်းကို ပို၍မြင့်တက်စေကြောင်း၊ ထို့အတူ မိုးရာသီတွင် ဆန်တင်ပို့မှုရပ်ဆိုင်းထားခြင်း၊ ပို့ကုန်များကန့်သတ်ထားလိုက် ခြင်း၊ နိုင်ငံတွင်း လတ်တလော ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက်ပိုင်း ဆောက်လုပ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များ တင်သွင်းရာတွင် ဒေါ်လာ လိုအပ်လာခြင်းနှင့် ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာအားကောင်းလာခြင်းတို့ ကြောင့် ဒေါ်လာလဲလှယ်နှုန်း ရုတ်တရက်မြင့်တက်လာခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဒေါက်တာသာစိန်
The Mirror Daily
https://www.facebook.com/TheMirrorDaily
ငွေလဲလှယ်မှုတွင် ဒေါ်လာဈေးနှုန်းမြင့်တက်မှုမှာ ခဏတာသာဖြစ်မည်ဟု စီးပွားရေး အကဲခတ်တစ်ဦး ပြောကြား   ငွေလဲလှယ်မှုတွင် ဒေါ်လာဈေးနှုန်းမြင့်တက်မှုမှာ ခဏတာသာဖြစ်မည်ဟု စီးပွားရေး အကဲခတ်တစ်ဦး ပြောကြား Reviewed by THITHTOOLWIN on 09:57 Rating: 5
Powered by Blogger.