ဝန်ထမ်းဟောင်းရဲ့ လူသတ်မှု

သေဆုံးသွားသူ ၂ ဦးဟာ နေ့တိုင်း အလုပ်အတူလုပ်ခဲ့ကြတယ်လို့ Parker ရဲ့ အတူနေချစ်သူက ပြောပါတယ်။ (Credit: ABC licensed)
 အမေရိကန် ​ရုပ်သံ ​သတင်းထောက်၂ ​ဦး ​တိုက်ရိုက် ​အသံလွှင့်နေတုန်း ​သေနတ်နဲ့ ​ပစ်သတ်ခံခဲ့ရပါတယ်။

အမေရိကန် ​ရုပ်သံ ​သတင်းထောက် ​၂ ​ဦးကို ​သေနတ်နဲ့ ​ပစ်သတ်သွားတဲ့ ​သူရဲ့ ​သတင်းအချက် ​တချို့ ​ထွက်ပေါ်လာပါတယ်။

သေနတ်သမားဟာ ​အရင်က ​WDBJ7 ​ရုပ်သံဌာနမှာ ​လုပ်ဆောင်ခဲ့ဖူးတဲ့ ​၀န်ထမ်းဟောင်း ​Vester ​Flanagan ​ဖြစ်ပါတယ်။

သူ့ရဲ့ ​ညံ့ဖျင်းတဲ့ ​လုပ်ရပ်တွေကြောင့် ​၂၀၁၃ ​မှာ ​အလုပ်ထုတ်ပယ် ​ခြင်းခံခဲ့ရတာ ​မကျေနပ်လို့ ​အခုလို ​လုပ်တာ ​ဖြစ်ကြောင်း ​ရုပ်သံဌာနရဲ့ ​အကြီးအကဲ ​Jeff ​Marks ​က ​ပြောကြားခဲ့ပါတယ်။

အသက် ​၂၄ ​နှစ်အရွယ် ​အမျိုးသမီး ​သတင်းထောက် ​အယ်လီစင် ​ပါကာက ​မြို့ ​ပြင် ​ရှိ ​ရှော့ပင်စက်တာမှာ ​တိုက်ရိုက် ​အမေးအဖြေခန်း ​ထုတ်လွှင့်နေစဉ် ​သေနတ်သမားက ​ပစ်ခတ်ခဲ့တာ ​ဖြစ်ပြီး ​အဲဒီအစီအစဉ်ကို ​ရိုက်နေတဲ့ ​ကင်မရာသမား ​အသက် ​၂၇ ​နှစ်အရွယ် ​အတ်ဒမ် ​၀ါဒ်ကိုလည်း ​ပစ်သွားတာ ​ဖြစ်ပါတယ်။

သေနတ်သမားဟာ ​သတင်းထောက် ​၂ ​ဦးကို ​ပစ်သတ်ပြီး ​ထွက်ပြေးဖို့ ​ကြိုးစားရင်း ​ရဲတွေနဲ့ ​ထိပ်တိုက် ​ရင်ဆိုင်ရတဲ့ ​အချိန်မှာ ​သူ့ကိုယ်သူ ​အဆုံးစီရင် ​သွားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ​အနေနဲ့ ​သေနတ်ကိုင် ​အကြမ်းဖက်မှုနဲ့ ​ပတ်သက်ပြီး ​တခုခု ​လုပ်ဆောင်ဖို့ ​လိုအပ်နေပြီဖြစ်ကြောင်း ​သမ္မတလောင်း ​ဟေလာရီ ​ကလင်တန် ​အပါအ၀င် ​နိုင်ငံရေး ​ထိပ်သီးများက ​ပြောဆိုသွားကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဝန်ထမ်းဟောင်းရဲ့ လူသတ်မှု  ၀န်ထမ်းဟောင်းရဲ့ လူသတ်မှု Reviewed by THITHTOOLWIN on 18:02 Rating: 5
Powered by Blogger.