ပြည်သူများအား ရေဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းပေးလျက်ရှိ


မအူပင် သြဂုတ် ၎

 ယနေ့နံနက် ၆ နာရီက ညောင်တုန်းမြို့ ရေအမှတ် ၂၅.၅၀ပေ သို့ရောက်ရှိ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေသည့် အတွက် တာကိုယ်ထည်များ စိုးရိမ်ရသည့်အနေအထားတွင်ရှိသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျှက်ရှိသည်။

ကာကွယ်ရေးလုပ်ငန်းတွင် အမှတ် ၄ စစ်ဆင်ရေးဌာနချုပ်မှ ဒုတိယစစ်ဆင်ရေး ကွပ်ကွဲမှု ဗိုလ်မှူးကြီး ရဲရင့်ဝင်း ဦးဆောင်သောအရာရှိ စစ်သည်များ၊ မြို့နယ်သ ဘာဝဘေးကြိုတင်ကာကွယ် တားဆီးရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမှတ် ၉၀၅ အင်ဂျင်နီယာတပ်ရင်း၊ မြို့နယ်အုပ်ချုပ်ရေး၊ ဖွံ့/ထောက်အဖွဲ့၊ လူမှုရေးအဖွဲ့ အင်အား ၁၅၀၀ ဖြင့် ၁၂ လမ်းထိပ် ရပ်ကွက်(၆) ထိပ်၊ လမ်း(၃၀)တို့တွင် သဲအိတ်များထပ်ဆင့်ခြင်း၊ တုတ်ရိုင်ခြင်း၊ အရန်ပစ္စည်း များ စုဆောင်းထားရှိခြင်း၊ ရေကင်းချထားခြင်း များဆောင်ရွက်လျှက်ရှိသည်။

ယနေ့နံနက် ၉ နာရီက အိမ်ထောင်စု ၃၂၄ လူဦးရေ ၁၀၈၂ ဦးတို့ကို ဘုန်းကြီးကျောင်း၊ ဓမ္မာရုံများ၊ ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့ပေးခဲ့သည်။ ရေနစ်မြုပ်မှုတွင် ကွမ်းခြံ (၉၃)ခြံ၊ သီးနှံစိုက်ဧရိယာဧက ၇.၅ ဧက ပျက်စီးခဲ့ပြီး ရေနစ်မြုပ်သည့် ဒေသမှာ စက္ကော့ရေလယ်ဂုံမင်းဆိပ်ဖြစ်ကြောင်းသိရှိရသည်။

နေ့လည် ၁၁ နာရီ အရေးပေါ်အစည်းအဝေးအပြီးတွင် ညောင်တုန်းမြို့အား လိမ္မော်ရောင်အဆင့်သတ်မှတ်လိုက်ပြီး ရေအမှတ်မှာ ၂၅.၅ တွင် ရပ်တန့်နေကြောင်း၊ အနီရောင်အဆင့်သို့ ရောက်ရှိလာပါက မီးသတ်မှ သြသြဆွဲပြီး ပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း မြို့နယ်မှ သတင်းရရှိသည်။

အောင်ခိုင် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပြည်သူများအား ရေဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းပေးလျက်ရှိ  ပြည်သူများအား ရေဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းပေးလျက်ရှိ Reviewed by THITHTOOLWIN on 16:52 Rating: 5
Powered by Blogger.