ညောင်တုန်းမြို့၌ မီးလောင်မှုဖြစ်ပွား


 ညောင်တုန်း ၊ သြဂုတ် ၈

 ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် အမှတ်(၇)ရပ် ကွက်၊ ရွှေဟင်္သာတောရကျောင်းလမ်း၌ သြဂုတ်လ (၈) ရက် နံနက် (၈)နာရီ(၃)မိနစ်အချိန်က အိမ်ရှင် ဦးဝင်းမောင်ထွန်း(ဘ)ဦးဆာမိ၏ သွပ်မိုး၊ ပျဉ်ကာ နှစ်ထပ်နေအိမ်မှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ် တပ်ဖွဲ့ဝင် များ၊ ဒေသခံပြည်သူများ၏ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့် အိမ်တစ်လုံး သာလောင်ကျွမ်းပြီး ပတ်ဝန်းကျင်အိမ်များသို့ ကူးဆက်လောင် ကျွမ်းခြင်းမရှိဘဲ နံနက်(၈)နာရီ(၃၀)မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်းသိရှိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုမှာ ၀ါယာမှတဆင့်မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ချိန်တွင် အိမ်ရှင်မိသားစုများ မရှိသည့်အချိန်ဖြစ်ကြောင်းနှင့် လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းသိရှိရသည်။

ညောင်တုန်းမြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ညောင်တုန်းမြို့၌ မီးလောင်မှုဖြစ်ပွား   ညောင်တုန်းမြို့၌ မီးလောင်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 11:54 Rating: 5
Powered by Blogger.