ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦး ကို တွေ့ရစဉ်။ Photo: Myo Thant Khaing/RFA |
ပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကြောင့် သမ္မတက တာဝန်ပေးလိုက်တာဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ရုံးချုပ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ မနေ့ညက ဝိုင်းတယ်ဆိုတာဟာ မဟုတ်မှန်ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ အရင်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီဥက္ကဌဖြစ်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် လစ်လပ်သွားတဲ့ ပါတီဥက္ကဌနေရာမှာ သူရဦးရွှေမန်းကို ယာယီဥက္ကဌအဖြစ် လွှဲပြောင်းပေးထားတာဖြစ်ပါတယ်။
USDP ပါတီတွင်း ခေါင်းဆောင်အပြောင်းအလဲတွေကို မကြာခင်ထုတ်ပြန်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဌအဖြစ် ဦးဌေးဦးကို တာဝန်ပေးအပ်
Reviewed by သစ်ထူးလွင်
on
17:56
Rating: