မိုင်တိုင်အမှတ်(၁၂၃/၆-၇)ကြား ဘီးပေါက် တိမ်းမှောက် ၁ ဦးသေဆုံး

 ဝဲဘက်နောက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်
 နေပြည်တော်၊ ဩဂုတ် ၁၁

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ နေ့လယ် ၃ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၂၃/၆-၇)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်သို့ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်နေ ဦးသိန်းကျော်(၃၈)နှစ်မောင်းနှင်လာသော 4G/×××× ISUZU BIGHORN အဖြူရောင် ယာဉ်သည် ဝဲဘက်နောက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ဖြူးမြို့နယ်နေ ဒေါ်ရီရီဝင်း(၄၀)နှစ်တွင် ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ဦးသိန်းကျော်နှင့် မသဇင်အောင်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဖြူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဦးသိန်းကျော်အား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၂၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မိုင်တိုင်အမှတ်(၁၂၃/၆-၇)ကြား ဘီးပေါက် တိမ်းမှောက် ၁ ဦးသေဆုံး  မိုင်တိုင်အမှတ်(၁၂၃/၆-၇)ကြား ဘီးပေါက် တိမ်းမှောက် ၁ ဦးသေဆုံး Reviewed by သစ်ထူးလွင် on 17:48 Rating: 5
Powered by Blogger.