ဝါဒဖြန့်အသံလွှင့်မှု ဆက်လုပ်မယ်လို့ တောင်ကိုရီးယား ပြော


 တောင်ကိုရီးယား စစ်သားနှစ်ဦး နယ်စပ်မှာ မြေမြှပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တာကို မြောက်ကိုရီးယားက မတောင်းပန်မချင်း နယ်စပ်မှာ ၀ါဒဖြန့်ချိရေး အသံလွှင့်ချက်တွေ ဆက်လုပ်သွားမယ်လို့ တောင်ကိုရီးယား သမ္မတ Park Geun-hye က ပြောကြားလိုက်ပါတယ်။

ဖြစ်ပေါ်နေတဲ့ ရန်စမှုတွေနဲ့ တင်းမာနေတဲ့အခြေအနေတွေကို တားဆီးဖို့ မြောက်ကိုရီးယားက အတိအလင်း တောင်းပန်ဖို့ လိုပါတယ်။ အဲလို မလုပ်ရင်တော့ တောင်ကိုရီးယားအစိုးရက လုပ်စရာရှိတာ လုပ်သွားမှာဖြစ်ပြီး အသံချဲ့စက် ထုတ်လွှင့်မှုကိုလည်း ဆက်လုပ်သွားမယ်လို့ သမ္မတက ပြောဆိုကြောင်း သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။

နယ်စပ်အသံလွှင့်မှုကို ၁၁ နှစ်ကြာ ရပ်နားထားခဲ့ပြီးမှ တောင်ကိုရီးယား တပ်ဖွဲ့ဝင်တွေ မြေမြှုပ်မိုင်းနင်းမိပြီး နောက်ပိုင်းမှာ တောင်ကိုရီးယားဘက်က
ပြန်လည် ထုတ်လွှင့်ခဲ့တာပါ။

မြောက်ကိုရီးယားကတော့ နှစ်နိုင်ငံနယ်စပ်မှာ မိုင်းထောင်ခဲ့တာကိုရော တောက်ကိုရီးယားဘက်ကို လက်နက်ကြီးတွေနဲ့ စတင်ပြစ်ခတ်ခဲ့တာကိုပါ ငြင်းဆိုခဲ့ပါတယ်။

နယ်စပ်မှာတော့ သြဂုတ်လ ၂၀ ရက်နေ့က နှစ်ဖက်တပ်တွေ အပြန်အလှန်ပြစ်ခတ်ခဲ့ပြီးတဲ့နောက် တပ်လှန့်ထားတာ ဖြစ်ပါတယ်။

ဝါဒဖြန့်မှုတွေ ထုတ်လွှင့်နေတာကို တောင်ကိုရီးယားက ရပ်ဆိုင်းမပေးရင် ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်မယ် ဆိုပြီး မြောက်ကိုရီးယားက ခြိမ်းခြောက်ထားပါတယ်။

တောင်-မြောက် ကိုရီးယား ၂ နိုင်ငံ နယ်စပ်ကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ ဖြေလျှော့ နိုင်ဖို့ စစ်မဲ့ဇုံအဖြစ် သတ်မှတ်ထားတဲ့ နေရာမှာ ၂ ဘက် ထိပ်တန်းအရာရှိတွေ အရေးပေါ် အစည်းအဝေး လုပ်နေကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဝါဒဖြန့်အသံလွှင့်မှု ဆက်လုပ်မယ်လို့ တောင်ကိုရီးယား ပြော   ၀ါဒဖြန့်အသံလွှင့်မှု ဆက်လုပ်မယ်လို့ တောင်ကိုရီးယား ပြော Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.