ယီမင်နိုင်ငံမှာ ငတ်မွတ်ဘေး အန္တရာယ် စိုးရိမ်ရ



 ယီမင်နိုင်ငံ Hodeida ဆိပ်ကမ်းမြို့ကို ဆော်ဒီအာရေးဗီးယား ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူသားချင်းစာနာကယ်ဆယ်ရေး အကြီးအကဲ Stephen O'Brien က ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ပါတယ်။

ဒါဟာ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ကျတယ်လို့ ပြောပါတယ်။

Hodeida ဆိပ်ကမ်းမြို့ ထိခိုက်ပျက်စီးခဲ့မှုကြောင့် နိုင်ငံတစ်ခုလုံးအပေါ် အကြီးအကျယ် ရိုက်ခတ်မှု ရှိလာနိုင်တာမို့ အလွန် စိုးရိမ်မကင်း ဖြစ်မိကြောင်း ၊ အကူအညီတွေ လိုအပ်နေတဲ့နေရာတွေကို ကယ်ဆယ်ရေး အထောက်အပံ့တွေ ဖြန့်ဖြူးပေးဖို့ ကုလသမဂ္ဂ စားနပ်ရိက္ခာ စီမံကိန်းအဖွဲ့ရဲ့ သင်္ဘောတစ်စီး အဲဒီမှာ ရောက်နေကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်ပရောက်အစိုးရကို ထောက်ခံတဲ့အနေနဲ့ Hodeida မြို့ကို အင်္ဂါနေ့ညက လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာပါ။

ယီမင်နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းပေါ်ရှိ Hodeida မြို့ဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးအထောက်အပံ့တွေ သယ်ဆောင်ရာမှာ အရေးပါတဲ့ အသက်သွေးကြောနေရာ တစ်ခုဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ယီမင်နိုင်ငံမှာ ငတ်မွတ်ဘေး အန္တရာယ် စိုးရိမ်ရ   ယီမင်နိုင်ငံမှာ ငတ်မွတ်ဘေး အန္တရာယ် စိုးရိမ်ရ Reviewed by THITHTOOLWIN on 17:17 Rating: 5
Powered by Blogger.