မြန်မာရေဘေးကပ် အရေးပေါ်လိုအပ်ချက်အတွက် အမေရိကန်က ဒေါ်လာ ၆ သိန်း ကူညီ


 မြန်မာရေးဘေး ဒုက္ခအတွက် အမေရိကန်အစိုးရက လတ်တလော လိုအပ်ချက်များ အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀၀၀ လှူဒါန်း သွားမည် ဖြစ်ကြောင်း အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်သည်။ ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် မိုးသည်းထန်မှုနှင့် ရေလွှမ်းမိုးမှု ဒဏ်ခံရသူ အားလုံး အတွက် ကျွန်ုပ်တို့ စိတ်ပူပန်လျက်ရှိပြီး အစစအရာရာအတွက် ဆုတောင်းပေးနေပါသည်။ အမေရိကန်အစိုးရသည် USAID၏ ပြည်ပကပ်ဘေးကူညီရေးဌာန(OFDA)မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၆ဝဝ,ဝဝဝ ကို လက်တလောအကူအညီအဖြစ် ပေးအပ်ပါမည်။ ဘေးဒဏ်သင့် လူ့အဖွဲ့အစည်းများ၏ အရေးပေါ်လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန် ကျွန်ုပ်တို့ဆီမှ အဖွဲ့တစ်ဖွဲ့သည် ဒေသဆိုင်ရာဝန်ထမ်းများ၊ အတူလက်တွဲလုပ်ဆောင်နေကျ အဖွဲ့အစည်းများနှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်သည်။ ကျွန်ုပ်တို့ဘက်မှ ဆက်လက်၍ အခြေအနေကို အနီးကပ်စောင့်ကြည့်သွားမည် ဖြစ်သလို အကူအညီလိုအပ်နေသောသူများကို အကောင်းဆုံး ကူညီနိုင်ရန် လက်တွဲဖော်အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားပါမည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မြန်မာရေဘေးကပ် အရေးပေါ်လိုအပ်ချက်အတွက် အမေရိကန်က ဒေါ်လာ ၆ သိန်း ကူညီ  မြန်မာရေဘေးကပ် အရေးပေါ်လိုအပ်ချက်အတွက် အမေရိကန်က ဒေါ်လာ ၆ သိန်း ကူညီ Reviewed by သစ်ထူးလွင် on 20:50 Rating: 5
Powered by Blogger.