အမြန်လမ်းမှာ မောင်းနှင်နေသော ယာဉ်ကို ရေသန့်ဗူးဖြင့် ပစ်ပေါက်သူများအား ဖမ်းဆီးအရေးယူထား


နေပြည်တော်၊ ဩဂုတ် ၃၁

 ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၈၁/၄-၅)ကြားတွင် နေပြည်တော်မှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ ဦးဇော်သန်းထွေး(၃၅)နှစ် မောင်းနှင်လာသော 2H/×××× ပရိုဘောက်အဖြူရောင်ယာဉ်အား ရေသန့်ဗူးဖြင့် ပစ်ပေါက်ခံရကြောင်း အရေးပေါ်ဖုန်းနံပါတ် ၁၈၈၀ မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားချက်အရ မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ဝင် များနှင့် လှည့်ကင်း တာဝန် ဆောင်ရွက်နေသည့် ဘိုင်းဒါးရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဝိုင်းဝန်း ပိတ်ဆို့ရှာဖွေခဲ့ရာ ကျောက်တံခါးမြို့နယ်၊ ဖောထိုးကျီရွာနေ မောင်မော်လား(၂၈)နှစ်၊ တစ်ရွာတည်းနေ မောင်ခူဝါးရှီ(၁၇)နှစ်၊ မောင်ဟဲနေခူး(၁၄)နှစ်နှင့် အမြန်လမ်း(၈၁)မိုင်နေ မောင်စောအယ်(၁၆)နှစ်တို့အား ယင်းနေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန် မိုင်တိုင်အမှတ်(၈၁/၄-၅)ကြား၊ လမ်းအနောက်ဘက် ခြုံပုတ်အတွင်း ပုန်းအောင်းနေစဉ် တွေ့ရှိဖမ်းဆီး ရမိခဲ့သဖြင့် ၎င်းတို့(၄)ဦးအား မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၇၉-က/၄၄၀/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
အမြန်လမ်းမှာ မောင်းနှင်နေသော ယာဉ်ကို ရေသန့်ဗူးဖြင့် ပစ်ပေါက်သူများအား ဖမ်းဆီးအရေးယူထား   အမြန်လမ်းမှာ မောင်းနှင်နေသော ယာဉ်ကို ရေသန့်ဗူးဖြင့် ပစ်ပေါက်သူများအား ဖမ်းဆီးအရေးယူထား Reviewed by THITHTOOLWIN on 05:34 Rating: 5
Powered by Blogger.