ဂျပန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းမှာ မီးလောင်မှုဖြစ်ပွား



 ဂျပန်နိုင်ငံ တိုကျိုမြို့ အနောက်တောင်ပိုင်း ၂၅ မိုင်အကွာ ဆာဂါမီဟာရာ မြို့ရှိ အမေရိကန် စစ်တပ်အခြေစိုက်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ခဲ့တဲ့အတွက် ဂျပန် မီးသတ်ဝန်ထမ်းတွေက မီးငြိမ်းသတ်ခဲ့ကြပါတယ်။

ဆာဂါမီဟာရာ မြို့၊ အမေရိကန်တပ်စခန်းရှိ ကုန်လှောင်ရုံမှာ ပြီးခဲ့တဲ့ ညသန်းခေါင်ကျော်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ အသေအပျောက်တော့ မရှိဘူးလို့ သိရပါတယ်။

အဆိုပါ ကုန်လှောင်ရုံမှာ နိုက်ထရိုဂျင်၊ အောက်စီဂျင်နဲ့ ဖရီအွန်စတဲ့ ဖိနှိပ်သွင်းထားတဲ့ ဓာတ်ငွေ့တွေကို သိုလှောင်ထားပြီး၊ ပေါက်ကွဲစေတတ်တဲ့ လက်နက်ခဲယမ်းနဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ သိုလှောင်ထားခြင်း မရှိကြောင်း၊ မီးလောင်ရတဲ့ အကြောင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

ဒေသခံတစ်ဦးကတော့ ၁၀ မိနစ် ၁၅ မိနစ်ခန့် ဆက်တိုက် ပေါက်ကွဲသံတွေကို ကြားရပြီး လိမ္မော်ရောင် မီးတောက်မီးလျှံတွေ အတော်မြင့်မြင့်တက်လာတာ တွေ့ရပြီး ယမ်းနံ့လိုမျိုး အနံ့ရရှိကြောင်း NHK သတင်းဌာနကို ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဂျပန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းမှာ မီးလောင်မှုဖြစ်ပွား  ဂျပန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းမှာ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:59 Rating: 5
Powered by Blogger.