သ​မ္မ​တ​​ကို​​ဖယ်​ရှား​​ဖို့ ​ဘ​​ရာ​​ဇီး​​မှာ ​ဆ​န္ဒ​ပြ

နိုင်​ငံ ​အ​တွင်း ​အ​ကြီး​မား​ဆုံး ​ပေါ်​ပေါက် ​ခဲ့​တဲ့ ​ငွေ​ကြေး ​မ​သ​မာ​မှု ​အ​ရှုပ်​တော် ​ပုံ ​အ​တွက် ​သ​မ္မ​တ ​ရူး​ဆက်ဖ် ​မှာ ​တာ​ဝန် ​ရှိ​တယ် ​လို့ ​ပြစ်​တင် ​နေ ​ကြ​ပါ​တယ်။
 ဘ​ရာ​ဇီး​နိုင်​ငံ ​တ​ဝှမ်း​မှာ ​လူ​တွေ ​ထောင်​သောင်း​ချီ ​လမ်း​ပေါ်​ထွက် ​ဆ​န္ဒ​ပြ​ကာ ​သ​မ္မ​တ ​ဂျီးလ်​မား ​ရူး​ဆက်ဖ် ​ကို ​ရာ​ထူး​က ​ဖယ်​ရှား ​နိုင်​ဖို့ ​ဥ​ပ​ဒေ​အ​ရ ​စုံ​စမ်း ​စစ်​ဆေး​မှု ​တွေ ​ပြု​လုပ်​ဖို့ ​တောင်း​ဆို ​လာ​ကြ​ပါ​တယ်။

ဆ​န္ဒ​ပြ​သူ​တွေ ​ထဲ​က ​တော်​တော်​များ​များ ​ဟာ ​အ​စိမ်း ​နဲ့ ​အ​ဝါ​ရောင် ​တွဲ​စပ်​ထား​တဲ့ ​ဘ​ရာ​ဇီးလ် ​နိုင်​ငံ ​အ​လံ ​တွေ ​လွှမ်း​ခြုံ ​ထား​ကြ​ပြီး၊ ​နိုင်​ငံ ​အ​တွင်း ​အ​ကြီး​မား​ဆုံး ​ပေါ်​ပေါက် ​ခဲ့​တဲ့ ​ငွေ​ကြေး ​မ​သ​မာ​မှု ​အ​ရှုပ်​တော် ​ပုံ ​အ​တွက် ​သ​မ္မ​တ ​ရူး​ဆက်ဖ် ​မှာ ​တာ​ဝန် ​ရှိ​တယ် ​လို့ ​ပြစ်​တင် ​နေ ​ကြ​ပါ​တယ်။

နိုင်​ငံ​ပိုင် ​ပက်​ထ​ရို​ဘ​ရတ်စ် ​ရေ​နံ ​ကု​မ္န​ဏီ ​ကြီး ​နဲ့ ​ဆက်​စပ်​ပြီး ​အ​ကျိုး​အ​မြတ် ​ရှိ​မယ့် ​လုပ်​ငန်း ​ကွန်​ထ​ရက် ​တွေ ​ရ​ဖို့ ​အ​တွက် ​စီး​ပွား​ရေး ​ကု​မ္န​ဏီ ​တွေ ​ဟာ ​အာ​ဏာ​ရ ​အ​လုပ်​သ​မား ​ပါ​တီ ​ထဲ ​က ​အ​ကျင့်​ပျက် ​နိုင်​ငံ​ရေး ​တွေ ​ကို ​လာဘ်​ငွေ ​တွေ ​ပေး​ခဲ့ ​ကြ​တယ် ​လို့ ​ဒီ ​ကိ​စ္စ ​အ​ပေါ် ​စုံ​စမ်း ​စစ်​ဆေး ​နေ​ကြ ​သူ​တွေ ​က ​ဆို​ပါ​တယ်။

အဲ​ဒီ့ ​အ​ကျင့်​ပျက်​မှု ​တွေ ​ဟာ ​ပက်​ထ​ရို​ဘ​ရတ်စ် ​ရဲ့ ​ဥ​က္က​ဌ ​အ​ဖြစ် ​မ​စ္စ ​ရူး​ဆက်ဖ် ​တာ​ဝန် ​ယူ​ခဲ့ ​စဉ် ​ဖြစ်​ပေါ် ​ခဲ့​တာ ​လို့ ​ယူ​ဆ ​ရ​ပေ​မယ့် ​မ​စ္စ ​ရူး​ဆက်ဖ် ​ကိုယ်​တိုင်​တော့ ​ငွေ​ကြေး ​အ​ရှုပ်​တော်​ပုံ ​ထဲ ​ပါ​ဝင် ​ပတ်​သက်​မှု ​မ​ရှိ​ဘူး ​လို့ ​စုံ​စမ်း ​စစ်​ဆေး ​နေ​သူ​တွေ ​က ​ဆို​ထား​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese
သ​မ္မ​တ​​ကို​​ဖယ်​ရှား​​ဖို့ ​ဘ​​ရာ​​ဇီး​​မှာ ​ဆ​န္ဒ​ပြ   ​သ​မ္မ​တ​​ကို​​ဖယ်​ရှား​​ဖို့ ​ဘ​​ရာ​​ဇီး​​မှာ ​ဆ​န္ဒ​ပြ Reviewed by THITHTOOLWIN on 04:05 Rating: 5
Powered by Blogger.