ရေကျနေပြီ ဖြစ်သော်လည်း ဧရာဝတီမြစ်ဘေးကျေးရွာအချို့ အကူအညီ လိုအပ်ချက် မြင့်မားဆဲဖြစ်


 မကွေးတိုင်းဒေသကြီး မုန်းချောင်းနှင့် ဧရာဝတီမြစ်ဆုံရာ ဒေသတွင် ဧရာဝတီမြစ်ရေ ကျဆင်းနေပြီ ဖြစ်သော်လည်း အကူအညီများ လိုအပ်နေဆဲဖြစ်ဟု အကူအညီ သွားရောက်ပေးခဲ့သူ ကိုတင့်မှ သြဂုတ် ၈ တွင် ပြောကြားခဲ့သည်။

၎င်းမှ ‘မြစ်ရေမြင့်တက်ကတည်းက အဲဒီရွာတွေမှာ အကူအညီမရောက်ခဲ့ဘူး အခုရေကျသွားတော့ သွားရေးလာရေးက ပိုခက်နေတယ်။ အကူအညီတွေမရသေးတော့ အခုလည်း အဲဒီဒေသမှာ အခက်အခဲတွေဖြစ်နေတယ်ဟု ပြောကြားခဲ့သည်။

မုန်းချောင်းအနီးကျေးရွာများသည် ရေတက်စဉ်က အကူအညီများ ရရှိခဲ့ပြီး ဧရာဝတီမြစ်အနီးမှ ကျေးရွာများမှ ယခုအချိန်အထိ အကူအညီမရှိသေးဘဲ အခက်အခဲများဖြစ်ပေါ်နေသည်ဟု သိရသည်။

ဆက်သွယ်ကူညီလှူဒါန်းလိုလျှင် ၀က်လွတ်တောင်ရွာ ဦးအောင်သူ ၀၉ ၄၀၁၆၃၂၂၀၆၊ ရှားတောရွာ ဦးထွန်းထွန်း ၀၉ ၉၇၉၉၆၁၅၀၊ ၀၉ ၂၅၆၂၂၀၀၉၇ သူဌေးကုန်းကျွန်းဦးမြင့်အောင် ၀၉ ၂၅၆၀၈၅၄၉ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရေကျနေပြီ ဖြစ်သော်လည်း ဧရာဝတီမြစ်ဘေးကျေးရွာအချို့ အကူအညီ လိုအပ်ချက် မြင့်မားဆဲဖြစ်   ရေကျနေပြီ ဖြစ်သော်လည်း ဧရာဝတီမြစ်ဘေးကျေးရွာအချို့ အကူအညီ လိုအပ်ချက် မြင့်မားဆဲဖြစ် Reviewed by သစ်ထူးလွင် on 20:24 Rating: 5
Powered by Blogger.